မိတ်ကပ် ဆိုတာဟာ လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်လာခဲ့ပြီးတော့ အထူးသဖြင့် လူအများရှေ့ ထွက်နေရတဲ့သူတွေအဖို့ ပိုလို့တောင်မှ လိုအပ်ပါသေးတယ်။ ဒီနေ့ခေတ်မှာဆိုရင် မိတ်ကပ်က လွယ်လင့်တကူလည်း ဝယ်လို့ရနေသလို ဈေးနှုန်းအမျိုးမျိုးလည်း ရှိတာမို့ ကိုယ့်စိတ်တိုင်းကျ လိမ်းချယ်နိုင်နေပါပြီ။

မိတ်ကပ်လိမ်းတယ်ဆိုတာ ကိုယ့်ရဲ့မျက်နှာကို ပိုပြီးလှပသွားစေဖို့အတွက်၊ ဝက်ခြံအမာရွတ်တွေ၊ နီရဲနေတာတွေကို ဖုံးကွယ်စေဖို့အတွက်တို့သာမက ကိုယ်လိုချင်သလိုမျိုး ကိုယ့်စိတ်ကူးအတိုင်း ပုံဖော်နိုင်မယ့် နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

အခုလိုမျိုး မိတ်ကပ်ကို လှဖို့အတွက် လိမ်းချယ်ဖို့အတွက်သာ သုံးလို့ရတာမဟုတ်ဘဲ ဆန်းသစ်တဲ့ မိတ်ကပ်စတိုင်လ်တွေကိုလည်း ဖန်တီးလုပ်ယူလို့ရသေးတယ်ဆိုတာကို ဒီမိတ်ကပ်ပညာရှင် (၅) ဦးက အသက်ဝင်လာတဲ့ 3D မိတ်ကပ်တွေကို လိမ်းပြပြီး သက်သေပြခဲ့ပါတယ်။

ဘယ်လိုမိတ်ကပ်ဒီဇိုင်းတွေဖြစ်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်နော်။

အီတလီလူမျိုး မိတ်ကပ်ပညာရှင် Luca Luce ရဲ့ လက်ရာများ

Vancouver မှ မိတ်ကပ်ပညာရှင် Mimi Choi ရဲ့ လက်ရာများ

တောင်ကိုရီးယားလူမျိုး မိတ်ကပ်ပညာရှင် Dain Yoon ရဲ့ လက်ရာများ

အမေရိကန်နိုင်ငံမှ မိတ်ကပ်ပညာရှင် Cakeface RJ ရဲ့ လက်ရာများ

မိတ်ကပ်ပညာရှင် Andy ရဲ့ လက်ရာများ