အားလုံးပဲ မင်္ဂလာပါ။ သင်က ဒီအချိန်ထိ ကိုယ်လိုချင်တဲ့ရည်မှန်းချက်တွေပြည့်ဝအောင် ပြုလုပ်နိုင်ပြီလား။ လူတိုင်းက ကိုယ့်ဘဝအတွက် ကြိုးစားနေရသလို နားချိန် အားလပ်ချိန်လည်းရှိသင့်ပါတယ်။ ကိုယ့် အသက်အရွယ် တစ်ခုမရောက်ခင် ကိုယ်လုပ်ဖူးသင့်တဲ့အရာတွေလည်းရှိပါတယ်။ တစ်ခါတလေ အသက်ကြီးသွားမှ လုပ်လို့အဆင်မပြေတာတွေရှိတတ်ပါတယ်။ သင်က အသက် ၃၀ အောက် လူတစ်ယောက်ဆိုရင်တော့ ဒီအချက်တွေကိုပြုလုပ်သင့်ပါတယ်။
တစ်ချက် လုပ်ဖူးတိုင်း တစ်မှတ်ပေးသွားနော်။
၁။ ဘာသာစကားအသစ် သင်ယူပါ။
၂။ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ပါ။
၄။ နိုင်ငံခြားမှာ နေကြည့်ပါ။
၅။ ကိုယ့်အိမ်မက်ထဲက အလုပ်ကို ဖြစ်အောင်လုပ်ပါ။
၆။ တူရိယာတစ်ခု တီးတတ်အောင် သင်ယူပါ။
၈။ One-way Flight ဝယ်ယူပါ။ ဆိုလိုတာက အသွားပဲ လက်မှတ်ဖြတ်ထားပြီး အပြန် အစီအစဉ်မလုပ်ရသေးတဲ့ လက်မှတ်မဖြတ်ရသေးတဲ့ Flight ကို ဆိုလိုပါတယ်။
၉။ မာရသွန်အပြေးပြိုင်ပွဲဝင်ပါ။
၁၀။ သူငယ်ချင်းဟောင်းတွေကို ပြန်ဆက်သွယ်ပါ။
၁၁။ ခြေလျင်သွားရတဲ့ ခရီးတစ်ခု သွားကြည့်ပါ။
၁၂။ လစာတိုးတောင်းကြည့်ပါ။
၁၃။ သွေးလှူပါ။
၁၄။ အဖွဲ့လိုက် အားကစားပွဲတစ်ခုမှာ ပါဝင်ကစားပါ။
၁၅။ ဆိုင်ကယ်မောင်းပါ။ ဒါမှမဟုတ် စကူတာမောင်းကြည့်ပါ။
၁၇။ ခွေး/ကြောင် တစ်ကောင်မွေးပါ။
၁၈။ စီးပွားရေးတစ်ခုစတင်ပါ။
၂၀။ ပင်လယ်လျှောစီးတာ သင်ယူပါ။
၂၁။ ဇာတ်ပွဲ၊ ပြဇာတ်၊ အငြိမ့်ပွဲ တစ်ခုခုကြည့်ပါ။
၂၂။ ကြက်ဥကို မကျက် တကျက် ပြုတ်ကြည့်ပါ။
၂၃။ Poach egg လုပ်တတ်အောင် သင်ယူပါ။
၂၄။ တစ်ယောက်တည်း ခရီးသွားပါ။
၂၅။ ဒီဇိုင်နာ တစ်ယောက် ဖန်တီးထားတဲ့ အိတ်တစ်အိတ်ကို ဝယ်ပါ။
၂၆။ တရားထိုင်ပါ။
၂၇။ စေတနာ့ဝန်ထမ်းလုပ်ပါ။
၂၉။ ဥယျာဉ်နဲ့ စိုက်ပျိုးပါ။
သင်ဘယ်နှစ်မှတ်ရလဲ ပြောခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar