ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက တစ်ခါတလေ ကိုယ်တိုင် ကြိုးစားပြီး လုပ်ယူမှ ရလာတာတွေ ရှိပါတယ်။ သင့်ကိုယ်သင် ကျေနပ်မှု အပြည့်ရှိတဲ့ ရက်ရှိနိုင်သလို သင့်ကိုယ်သင် ကြည့်မရတဲ့ ရက်တွေလည်း ရှိမှာပါ။ ဒါပေမဲ့ စိတ်ညစ်နေတဲ့ရက်တွေမှာတောင် သင်က စိတ်ထားကောင်းတဲ့လူတစ်ယောက်ဆိုတာ နားလည်ထားသင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့က တစ်ခါတလေ ခက်ခဲတတ်တာကြောင့် လွယ်ကူသွားစေဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြပါရစေ။

၁။ ဆံပင်ပုံစံ ပြောင်းလဲပါ

သင်ပြောင်းလဲနိုင်မယ့် ဆံပင်စတိုင် များစွာရှိပါတယ်။ မိန်းကလေးတစ်ယောက်က ဆံပင်ပြောင်းလဲလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုသဘောကျသွားတတ်တဲ့အပြင် ချီးကျူးစကားတွေကိုပါ ကြားရတတ်ပါတယ်။ ဆံပင်အရောင်ပြောင်းတာ၊ ဆံပင်စတိုင်ပြောင်းတာ မျိုးစုံလုပ်နိုင်ပါတယ်။ တကယ်လို့ သင်က အနည်းငယ်ပဲပြောင်းလဲချင်ရင် ဆံပင်ကို စည်းတာတွေ လုပ်နိုင်ပါတယ်။ အသစ်အဆန်းတွေက သင့်တစ်နေ့တာကို ယုံကြည်မှုတက်စေပါတယ်။

၂။ နေ့တိုင်း ဒေါက်မြင့်ဖိနပ် ဝတ်ပါ

ဒေါက်မြင့်တွေက တစ်ခါတလေ သက်တောင့်သက်သာ မရှိနိုင်ပေမယ့် ဝတ်လိုက်တဲ့အချိန် သင့်ကိုယ်သင် ယုံကြည်မှုက တက်သွားစေနိုင်ပါတယ်။ ဒေါက်ဖိနပ် အမြင့်ကြီး မဟုတ်ရင်တောင် ဒေါက်ပါတဲ့ ဖိနပ်မျိုးကို မဖြစ်မနေ ဝတ်ဆင်သင့်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ခြေထောက်ကို ပိုလှစေတဲ့အပြင် ဆွဲဆောင်မှု ရှိတယ်လို့လည်း ပိုခံစားရစေပါတယ်။

၃။ သင့်ဝါသနာကို အားပေးပါ

သင့်မှာ အလုပ်ရှိတဲ့အချိန် ဒါမှမဟုတ် ကိစ္စအမျိုးမျိုး ရှိတဲ့အချိန်ဆိုရင် ကိုယ်ဝါသနာပါရာကို လုပ်ဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရ ကိုယ်ဝါသနာပါရာကို လုပ်ခြင်းက သင့်ကိုယ်သင် ယုံကြည်မှုကို တိုးစေတယ်လို့ ဆိုထားပါတယ်။ သင့်ကိုယ်သင် ပိုကျေနပ်မှု ရှိလာဖို့ တစ်နေ့တာမှာ ကိုယ့်ဝါသနာအတွက် မိနစ်အနည်းငယ် ဖယ်ထားသင့်ပါတယ်။ သင်ဘာဝါသနာ ပါလဲ မသိရင် ပန်းချီဆွဲတာ၊ အပ်ချုပ်တာ၊ စာရေးတာ စတာတွေကို လုပ်ကြည့်နိုင်ပါတယ်။

၄။ လက်သည်းနီဆိုးပါ

လက်သည်းနီ လှလှလေးတွေက သင်ကြည့်လိုက်တဲ့အချိန်တိုင်း သင့်ကို တောက်ပစွာ ပြုံးပြနေတတ်ပြီး သင့်ခံစားချက်ကို ပိုကောင်းလာစေနိုင်ပါတယ်။ သင်က လက်သည်းနီ ပရိတ်သတ်မဟုတ်ရင် နှုတ်ခမ်းနီ အရောင်ကို ပြောင်းလဲ နိုင်ပါတယ်။ တစ်နေ့မှာ အရောင် အသစ် Try ကြည့်တာက သင့်ယုံကြည်မှုကို တိုးလာစေပါတယ်။

၅။ သင့်ဗီဒိုထဲက အဝတ်အစားတွေကို ဝတ်ကြည့်ပါ

ဝယ်ထားပြီး ဝတ်ဖို့ မေ့နေတတ်တဲ့ အဝတ်အစားတွေ သင့်ဆီမှာ ရှိမှာပါ။ ဒီအဝတ်အစားတွေကို ဗီဒိုထဲကနေ ထုတ်ကာ အမျိုးမျိုး တွဲဖက်ဝတ်ကြည့်သင့်ပါတယ်။ ဒီလို တွဲဖက် ဝတ်ကြည့်တာကို သင်နေ့တိုင်း ရက်၃၀ လုပ်ကြည့်နိုင်ပါတယ်။ ဒီလို ဝတ်ကြည့်ရင်း သင့်ကိုယ်သင် ယုံကြည်မှု ရှိလာတာကို သတိထားမိလာပါလိမ့်မယ်။

၆။ သူငယ်ချင်းဟောင်းနဲ့ တွေ့ဆုံပါ

သင်မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ ခဏတဖြုတ် ကော်ဖီဒိတ် လုပ်နိုင်ပါတယ်။ သင့် အရှိအတိုင်းပုံစံကို လက်ခံပေးတဲ့ သူငယ်ချင်းကောင်းနဲ့ သင်ပြန်ဆုံတဲ့အခါ သင့်ယုံကြည်မှု တိုးလာစေနိုင်ပြီး ပိုပျော်ရွှင်စေပါလိမ့်မယ်။ သူငယ်ချင်း မဟုတ်ရင်တောင် သင့်ဆွေမျိုးထဲက ဖြစ်နိုင်ပါတယ်။ နေ့တိုင်း ရက် ၃၀ စာ သင်ရင်းနှီးတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်တာကလည်း သင့်ယုံကြည်မှုကို ဒုံးပျံတစ်စင်းလို မြင့်တက်လာစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar