ပေါင်တုတ်နေလို့ ဘောင်းဘီအကျပ်တွေ မဝတ်နိုင်လို့ စိတ်ညစ်နေပြီလား ပျိုမေတို့ရေ။ ပေါင်တုတ်တာကလည်း ကိုယ့်ရဲ့ယုံကြည်မှုကို အနည်းနဲ့အများ သက်ရောက်မှုရှိတဲ့အရာတစ်ခုပါ။ ပေါင်တံသွယ်သွယ်လေးတွေက ပျိုမေတိုင်း လိုချင်ကြတဲ့ အရာပါ။ ဒီတော့ သင်က အခုချိန် ပေါင်တုတ်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီရက် (၃၀) Challenge ကိုလုပ်ကြည့်ပါနော်။

လုပ်ရမယ့် လေ့ကျင့်ခန်းက ငါးခုပါ။ ဒါကိုပဲ တစ်ရက်မှာ လုပ်ရမယ့် အကြိမ်ရေတွေ များသွားမှာပါ။ ဒါကတော့ ရက် ၃၀ စာ ဇယားကွက်ပါ။ ပုံထဲက ea ဆိုတာက Each ပါ။ တစ်ဘက်စီကို ဘယ်လောက်ဆိုပြီး ဆိုလိုပါတယ်။ ဘယ်ဘက် ဘယ်လောက် ညာဘက် ဘယ်လောက်ဆိုတဲ့ အဓိပ္ပာယ်ပါ။


၁။ Plie Squat


ခြေထောက်ထိပ်နှ်စ်ဖက်က ဘေးဘက်ကို ဦးတည်ချက်ထားရပါမယ်။ ထိုင်ချလိုက်တဲ့အချိန် ပေါင်ကိုအာရုံစိုက်ထားပါ။ ထိုင်တဲ့အချိန် ဒူးကို ကျယ်ကျယ်ကားရမယ်လို့ စိတ်ထဲ ပုံဖော်ကြည့်ပါ။ ရှေ့ကို ယိုင်သွားတာမျိုးမဖြစ်အောင် သတိထားပေးပါ။

၂။ Leg Swings


ဒီလေ့ကျင့်ခန်းမှာ ကိုယ်ဟန်အနေအထားကို မထိန်းနိုင်ဘူးဆိုရင် ကုလားထိုင်ကို ကိုင်ထားလို့ရပါတယ်။ ခြေထောက်ကို လွှဲတဲ့အချိန် အရိုးကို ဖြောင့်ဖြောင့်လွှဲပေးပါ။

၃။ Side Lunges


ကိုယ့်ခြေထောက်ကို ဖြောင့်ဖြောင့်မတ်မတ်လေးထားပေးဖို့ အရေးကြီးပါတယ်။

၄။ Side Leg Lifts


လှဲနေတဲ့အချိန် ခန္ဓာကိုယ်ကို တစ်ဖြောင့်တည်းထားပေးပါ။ ကိုယ့်ခြေထောက်ကို အပေါ်မြှင့်တင်ပေးပါ။ ခြေထိပ်တွေကို ကွေးမထားပါနဲ့။

၅။ Inner Thigh Pulses


ဒီပုံစံကတော့ ကိုယ့်ခြေဖနောင့်က အပေါ်ဘက် ရောက်နေပြီး ခြေထိပ်လေးတွေနဲ့ မြေကြီးထိအောင် လုပ်ပေးရတဲ့ လေ့ကျင့်ခန်းပါ။ တစ်ဘက်ကိုတော့ ပုံထဲကအတိုင်း ကွေးထားရပါမယ်။

Source: www.blogilates.com

By MyStyle Myanmar