သင်က အချိန်တိုအတွင်း ပြောင်းလဲ ချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တစ်ရက်ချင်းစီ အပြုအမူကောင်းတွေ စုဆောင်းသွားရင်းနဲ့ အချိန် တစ်ခု ကြာလာတဲ့အခါ အပြောင်းအလဲကြီး ပြောင်းလဲသွားတတ်ပါတယ်။ ဒီတစ်ခေါက် Challenge ကတော့ ရက် (၃၀) စာ အတွင်း ပြုလုပ်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်-

၁။ နေ့တိုင်း စာအုပ်ဖတ်ပေးပါ

တစ်နေ့မှာ ဘယ်နှစ်မိနစ် ဖတ်မယ် စသဖြင့် သတ်မှတ်ပြီး စာအုပ် နေ့တိုင်း ရက် ၃၀ ဖတ်ပေးရပါမယ်။ အနည်းဆုံး တစ်နေ့ကို မိနစ် ၃၀ ဖတ်ပေးသင့်ပါတယ်။ စာအုပ်ဖတ်တဲ့အခါ သင့်အတွေးအခေါ်တွေ ပြောင်းလဲလာပြီး အမြင်ကျယ်လာပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ

ရက် ၃၀ အတွင်း လေ့ကျင့်ခန်း နေ့တိုင်း လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ လေ့ကျင့်ခန်းကိုတော့ ကိုယ်အဓိက ဘယ်နေရာ ဝိတ်ကျချင်တာလဲ စဉ်းစားပြီး ရွေးချယ်သင့်ပါတယ်။ နေ့တိုင်း ချွေးထွက်တဲ့အခါ သင်ပိုပျော်ရွှင်လာပါလိမ့်မယ်။

၃။ Skincare

အသားအရေကို ရက် ၃၀ အတွင်း အကောင်းဆုံး ဂရုစိုက်ပါ။ တစ်ပတ်မှာ နှစ်ခါ Mask ကပ်ပေးသင့်ပါတယ်။ Mask ကပ်တာနဲ့အတူ အသားအရေ ချေးချွတ်သင့်ပါတယ်။ ဒါ့အပြင် ရေငွေ့နဲ့ ပေါင်းခံပေးတာ၊ မျက်နှာကို နှိပ်နယ်ပေးတာတွေပါ ပြုလုပ်သင့်ပါတယ်။ အသားအရေ စိုပြေအောင် အသီးအနှံ တွေကို ရက် ၃၀ စာ စားပေးသင့်ပါတယ်။

၄။ ရေ ၂ လီတာ သောက်ပါ

တစ်နေ့မှာ ရေ ၂ လီတာ မဖြစ်မနေ သောက်ပေးရပါမယ်။ ရေများများသောက်ပေးတာက သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ချေဖျတ်ပေးပြီး အသားအရေ စိုပြေစေပါတယ်။

၅။ ၇ နာရီကနေ ၈ နာရီ အိပ်ပါ

ကိုယ့်အိပ်ချိန်ကို တစ်နေ့ အနည်းဆုံး ၆ နာရီ ထားသင့်ပါတယ်။ အိပ်ချိန်မှန်တာက သင့်ကိုယ်အလေးချိန်ကျ စေပြီး အသားအရေ စိုပြေစေပါတယ်။

အပေါ်က အချက် (၅) ချက်ကို မဖြစ်မနေ လုပ်မယ်ဆိုရင်တော့ သင် ရက် ၃၀ အတွင်း ပြောင်းလဲလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar