အားလုံးပဲ မင်္ဂလာပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ တင်သားပြည့်ပြည့်လေး ပိုင်ဆိုင်ဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမှ အဆင်ပြေမှာပါ။ လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်ကို သန်မာစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ သင်က တင်သားပြည့်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါနော်။

ဒါကတော့ တစ်လအတွင်း လေ့ကျင့်ခန်းလုပ်ရမယ့် Plan ပါ။


လေ့ကျင့်ခန်း ၁- Squats


ထိုင်ခုံမှာ ထိုင်တော့မယ်ပုံစံအတိုင်း ထိုင်ချပေးပါ။ အကြိမ်ရေကို အပေါ်က ဇယားကွက်အတိုင်း လုပ်ပေးပါ။

လေ့ကျင့်ခန််း ၂- POINTED BUTT LIFT


ရှေ့ကို ကြည့်နေတဲ့အနေအထားနဲ့ လေးဘက်ထောက်ပေးပါ။ ပြီးနောက် ခြေထောက်တစ်ဘက်ကို အပေါ်ညွှန်ပြတဲ့ပုံစံမျိုး ပုံထဲကအတိုင်း မြှောက်ပေးပါ။ Day 1 မှာ တစ်ဘက်စီကို ငါးကြိမ်ကစပြီး ပြုလုပ်ရမှာပါ။

လေ့ကျင့်ခန်း ၃- FIRE HYDRANTS


ခြေထောက်တစ်ဘက်ကို ပုံထဲကအတိုင်း ဘေးကို ကားပေးပါ။ နှစ်ဘက်လုံးကို ဒီလိုပဲ တစ်လှည့်စီလုပ်ပေးပါ။

လေ့ကျင့်ခန်း ၄- HEEL KICKS


တံတောင်နဲ့ ထောက်ပေးပါ။ ပြီးနောက် မမြှောက်သေးတဲ့ ခြေထောက်ကို ဒူးထောက်တဲ့ပုံစံမျိုးထားပေးပါ။ ကျန်တစ်ဘက်ကို အပေါ်မြှောက်ပေးပါ။ တစ်ဖြောင့်တည်းဖြစ်အောင် မြှောက်ပေးပါ။

လေ့ကျင့်ခန်း ၅- BRIDGES


ကြမ်းပြင်ပေါ် လှဲအိပ်လိုက်ပါ။ လက်နှစ်ဘက်ကို ဘေးဘက်မှာထားပြီး ခန္ဓာကိုယ်ကို အပေါ်ဘက်မြှောက်ပေးပါ။ ပြီးနောက် နဂိုပုံစံအတိုင်း တင်သားနဲ့ ကြမ်းပြင်ကပ်ပေးပါ။ ကိုယ့်တင်သားကို အာရုံစိုက်ပေးပါ။

Source: www.blogilates.com

By MyStyle Myanmar