မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီတစ်ခေါက်မှာတော့ ရာသီခွင်တွေထဲကမှ စိတ်ထိခိုက်လွယ်တဲ့ ရာသီခွင် သုံးခုအကြောင်းပြောပြလိုပါတယ်။ ဒါပေမဲ့ ဒီလိုစိတ်ထိခိုက်လွယ်သူတွေကပဲ ဒီစိတ်တွေနဲ့ ဘဝရည်မှန်းချက်တွေကို အောင်မြင်အောင် ကြိုးစားနေကြသူတွေဖြစ်ပါတယ်။

သင်က ဒီရာသီခွင် သုံးခုထဲပါရင် ဒါမှမဟုတ် ဒီရာသီခွင်ပိုင်ရှင်သူငယ်ချင်း သို့မဟုတ် ချစ်သူကို ရထားရင်တော့ ကြင်နာပေးပါလို့ ပြောချင်ပါတယ်။

၁။ Aries (March 20 ကနေ April 20)

ဒီရာသီခွင်ပိုင်ရှင်တွေက ရာသီခွင်တွေထဲမှာ စိတ်အနုဆုံးပါ။ သူတို့ချစ်တဲ့သူတွေ ပျော်တာကိုပဲ မြင်ချင်သူတွေပါ။ ဘဝမှာ လူကောင်းတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံဖို့ဟာ ဘယ်လောက်အရေးကြီးကြောင်း နားလည်ထားသူတွေပါ။ ကံကြမ္မာက သူတို့အတွက် အဆိုးဆုံးဖြစ်ခဲ့ရင်တောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သူတွေပါ။

စိတ်နုတယ်ဆိုပြီး Aries ရာသီခွင်တွေကို အထင်သွားသေးလို့တော့မရပါဘူး။ ဒီရာသီခွင်တွေကို ဒေါသထွက်အောင်တော့ မစမိစေဖို့ သတိပြုရပါမယ်။ Aries ရာသီခွင်တွေမှာ တွေ့ရတဲ့ အကောင်းဆုံးအကျင့်တစ်ခုကတော့ သူတို့ဟာ ပွင့်ပွင့်လင်းလင်းနေတတ်တာပါ။ သူတို့ ဘယ်လိုခံစားနေရလဲ သင်သိနိုင်ပါတယ်။ ရိုးသားတာလည်း သူတို့ပါပဲ။

၂။ Taurus (April 20 ကနေ May 21)

Taurus ရာသီခွင်တွေက သူတို့ခံစားချက်တွေကို ဖြေရှင်းနေရတာ သဘောမကျပါဘူး။ သူတို့က တစ်ပါးသူတွေကို ကူညီပေးတတ်ပါတယ်။ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ဒီရာသီခွင်တွေဟာ တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းတတ်ပါတယ်။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို အခြားသူဆီ မပေးတတ်ပါဘူး။ စိတ်ထိခိုက်လွယ်ပြီး သူတို့အပူတွေကို တခြားသူဆီ ကူးပြောင်းတာမျိုး အဖြစ်မခံပါဘူး။

Taurus ရာသီခွင်တွေပြုံးတာမြင်လိုက်တိုင်း သူတို့တကယ်ပျော်နေတာမဟုတ်ပါဘူး။ အဆင်ပြေချင်ယောင်ဆောင်နေရုံဖြစ်ပါတယ်။ သူတို့ချစ်ရသူတွေအတွက် အရာရာစွန့်လွှတ်ဖို့ ဝန်မလေးသူတွေပါ။

၃။ Gemini (May 21 ကနေ June 21)

ဒီရာသီခွင်ပိုင်ရှင်တွေက ယနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ တရားမျှတမှုမရှိတာတွေအတွက် ဝမ်းနည်းနေသူတွေပါ။ မိဘမဲ့ကလေးတွေ၊ စစ်ပွဲတွေ၊ စောင့်ရှောက်သူမဲ့နေတဲ့ အဘိုးကြီးအဖွားကြီးတွေကို မြင်ပြီး သူတို့အတွက် စိတ်မကောင်းဖြစ်နေသူက Gemini ရာသီခွင်ပါပဲ။ ဒီလိုအရာတွေကို မြင်ပြီး သူတို့စိတ်ထဲမှာ အမြဲမှတ်ထားတတ်ပါတယ်။

ဒီရာသီခွင်တွေအတွက် မကောင်းတဲ့အရာကတော့ စိတ်ထိခိုက်လွယ်ခြင်းက စိတ်ကျရောဂါအထိ ဦးတည်သွားနိုင်တာပါ။ဒါကြောင့် Gemini ရာသီခွင်တွေအနေနဲ့ စိတ်ထိခိုက်လွယ်တာမှန်ပေမယ့် ကိုယ့်စိတ်ကို သတိထားကြည့်ဖို့ အကြံပေးလိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar