လူတချို့က အချိန်တန်အိမ်ထောင်ပြုရမှာကို မကြောက်ပါဘူး။ ဒါကို ထုံးစံတစ်ခုလို့ ယုံကြည်ထားကြပါတယ်။ တချို့ဆိုရင် အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုဖို့ ဝန်မလေးတတ်ပါဘူး။ ဒါပေမဲ့ရာသီခွင်တချို့ကတော့ အိမ်ထောင်ပြုတဲ့ကိစ္စကို စိတ်နဲ့ခန့်မှန်းကြည့်ပြီး အကြောက်ကြီးကြောက်နေတတ်ကြပါတယ်။ ဒီရာသီခွင်တွေက ကြောက်တတ်လို့ အိမ်ထောင်မပြုတော့ဘူးလို့ မဆိုလိုပါဘူး။ အပျိုကြီးလူပျိုကြီး ဖြစ်နိုင်ချေရှိတယ်လို့ ဆိုလိုတာပါ။ သူတို့က ကိုယ့်ဘဝနဲ့ကိုယ် ပျော်နေတတ်ကြပါတယ်။ အိမ်ထောင်ပြုဖို့ကြောက်တဲ့ ရာသီခွင် (၃) ခုကတော့-

၁။ Leo (July 23 ကနေ August 22)

ဒီရာသီဖွားတွေက အေးအေးဆေးဆေးနေတတ်သူတွေပါ။ ဘာလို့ လက်ထပ်တာကြောက်လဲဆိုတော့သူတို့ရဲ့ တည်ငြိမ်တဲ့ဘဝလေး ရှုပ်ထွေးသွားမှာကြောက်လို့ပါ။ သူတို့ရဲ့ မျက်လုံးထဲမှာလက်ထပ်တာက ဘဝပန်းတိုင်အားလုံးစွန့်လွတ်အနစ်နာခံတာ၊ ဘဝတစ်ခုလုံးပုံအပ်ထားတာလို့ ယုံကြည်ထားပါတယ်။ ဘဝကို ကိုယ်ဝါသနာပါတာတွေနဲ့ ပျော်ပျော်ကြီးဖြတ်သန်းတတ်သူတွေပါ။

၂။ Sagittarius (November 22 ကနေ December 22)

Sag ရာသီဖွားတွေက ဘဝကို လေးလေးပင်ပင်ဖြတ်သန်းရမှာမကြိုက်ပါဘူး။ သူတို့ဘဝကို အချိန်တန် သူငယ်ချင်းတွေနဲ့ အပြင်သွားမယ် ပေါ့ပေါ့ပါးပါးနေမယ်လို့ ဆုံးဖြတ်ထားတတ်ပါတယ်။ အိမ်ထောင်ဆိုတဲ့နာမည်အတိုင်း ထောင်ကျသွားပြီလို့ပဲ Sag ရာသီဖွားတွေက တွေးတတ်ပါတယ်။ သူတို့က လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်ပါတယ်။

၃။ Aquarius (January 28 ကနေ February 18)

Aqua ရာသီဖွားတွေက သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ချစ်သူဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့အိမ်ထောင်ဘက်ဖြစ်ဖို့ ခက်ပါတယ်။ ဒီရာသီဖွားတွေက အချိန်အကြာကြီး Single အနေနဲ့ နေတတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်တည်းဘဝကို ပျော်နေတတ်ကြပါတယ်။ အိမ်ထောင်ပြုဖို့ ကြောက်တာကလည်း ဒီအချက်ကြောင့်ပါပဲ။ Single ဂုဏ်ကိုလည်း ဂုဏ်ယူစွာလက်ခံထားသူတွေပါ။

Photo Source: Pinterest

By MyStyle Myanmar