ဆံပင်သန်စေဖို့အတွက် အိမ်တိုင်းမှာရှိတဲ့ ကြက်သွန်ဖြူကို အသုံးပြုပြီးတော့ ဆံပင်ပေါင်းတင်နိုင်မယ့် နည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလွယ်ကူပြီး အဆင်ပြေတာကြောင့် ဆံပင်ပါးနေတယ်၊ ဆံပင်အရှည်နှေးနေတယ်ဆိုရင် ဒီနည်းလမ်းထဲက နှစ်သက်ရာတစ်မျိုးကို ရွေးပြီးတော့ Try ကြည့်ကြည့်နော်။

ကြက်သွန်ဖြူနဲ့ပျားရည်

ကြက်သွန်ဖြူ – ၈ တက်ကို ကြိတ်ချေပြီး ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဆံသားနဲ့ဦးရေပြားကို သေချာပွတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် Mild ဖြစ်တဲ့ Shampoo နဲ့ ခေါင်းလျှော်ပေးပါ။

ဆံသားသန်စွမ်းစေပြီး ဆံသားအတွက်လိုအပ်တဲ့ Moisture ကို ရရှိစေပါတယ်။ ဆံသားလည်း တောက်ပြောင်စေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

ကြက်သွန်ဖြူအဆီ

ကြက်သွန်ဖြူအဆီလုပ်ဖို့အတွက် ကြက်သွန်ဖြူ – ၈ တက်ကို သံလွင်ဆီ (သို့) အုန်းဆီ – ခွက်တစ်ဝက်စာနဲ့ ရောကြိတ်ပါ။ ကြက်သွန်နီ အလတ်ဆိုဒ်တစ်လုံးကိုလည်း ရောထည့်ပြီး ကြိတ်ပေးပါ။ ပြီးရင်တော့ ဆံသားနဲ့ဦးရေပြားကို လိမ်းပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ Mild Shampoo နဲ့ ခေါင်းလျှော်လို့ရပါပြီ။

ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံသားသန်စွမ်းစေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူနဲ့ဂျင်း

ဂျင်းကို ၂ လက်မစာလောက်လှီးယူပြီး ကြက်သွန်ဖြူ – ၈ တက်နဲ့ ရောကြိတ်ပေးပါ။ ပြီးရင်တော့ သံလွင်ဆီ (သို့) အုန်းဆီ – ခွက်တစ်ဝက်စာနဲ့ ရောမွှေပြီး ဦးရေပြားနဲ့ဆံသားကို လိမ်းပေးကာ လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ Mild Shampoo နဲ့ ခေါင်းလျှော်ပေးပါ။

ဆံပင်သန်စေတဲ့အပြင် ဆံပင်ကျွတ်တာလည်း သက်သာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် ဗောက်တွေလည်း သက်သာစေပါတယ်။