အပြင်မသွားရတဲ့အခါမျိုးမှာ အိမ်မှာစုပြီး သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ညီအစ်မတွေနဲ့ပဲဖြစ်ဖြစ် ပျော်စရာကောင်းတဲ့အချိန်တွေရအောင် ဖန်တီးပေးနိုင်မယ့်အရာ ၃ ကို ပြောပြပေးလိုက်ပါတယ်။ ဘယ်မှမသွားရလို့ ပျင်းစရာကောင်းတယ်ဆိုပြီး စိတ်ညစ်နေမယ့်အစား ဒီ ၃ မျိုးထဲက တစ်ခုခုကို လုပ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ သေချာပေါက်ကို ပျော်ရွှင်ရပါလိမ့်မယ်။

မုန့်စုစားပါ

မုန့်တွေလုပ်စားတာပဲဖြစ်ဖြစ်၊ မုန့်တွေမှာစားတာပဲဖြစ်ဖြစ် စားလိုက်သောက်လိုက်၊ စကားတွေပြောလိုက်နဲ့ဆို အရမ်းပျော်စရာကောင်းပါတယ်။ ဒီလိုအချိန်မှာက စိတ်ညစ်စရာတွေကိုတောင် မေ့နေပါလိမ့်မယ်။

ရုပ်ရှင်တူတူကြည့်ပါ၊ ကခုန်ပါ

ရုပ်ရှင်ကို ဖုန်းနဲ့မကြည့်ပဲ သူငယ်ချင်းတွေ၊ ညီအစ်မတွေစုပြီး တီဗီနဲ့ ရုပ်ရှင်စုကြည့်ပါ။ သရဲကားတွေ၊ Horror Movie တွေကို အခန်းအမှောင်ချပြီး တူတူကြည့်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။ မုန့်စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ဆိုလည်း တကယ်ကိုပျော်စရာပါ။ ဝါသနာပါရင် သောက်စားပျော်ပါးပြီး သီချင်းဆိုပြီး ကခုန်တာမျိုးတွေလည်း လုပ်လို့ရပါသေးတယ်နော်။

ဓာတ်ပုံရိုက်ပါ

မိန်းကလေးတွေအကြိုက်ဆုံးအလုပ်ကတော့ ဓာတ်ပုံရိုက်တာပါပဲ။ ဘယ်မှမသွားရတဲ့အချိန် အိမ်မှာစုပြီး အလှတွေပြင်၊ အဝတ်အစားတွေလဲပြီး နောက်ခံ Decoration ကိုပါ သေချာပြင်ဆင်ပြီး တစ်ယောက်တစ်လှည့်စီ ရိုက်ပေးကြည့်ပါ။

Photo Source: www.freepik.com