အကြောပြတ်ရာတွေ သက်သာစေဖို့နဲ့ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် လူတိုင်းလုပ်ဖို့ မခဲယဉ်းပါဘူး။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာက Vital Enzymes, Minerals, Vitamins နဲ့ Fatty Acids တွေပါဝင်လို့ အသားအရေတင်းရင်းစေဖို့ ကူညီပေးပါတယ်။ အကြောပြတ်ရာတွေကိုလည်း သက်သာအောင် ကူညီပေးပါတယ်။ လုပ်ရမယ့်နည်းလမ်းကလည်း ရှားစောင်းလက်ပတ်ရဲ့ အတွင်းအသားဂျယ်လ်ကို ယူပြီးလိမ်းပေးရုံပါပဲ။ နေ့တိုင်းလိမ်းပေးမှသာ Result သိသာမှာပါ။

သံလွင်ဆီ

သံလွင်ဆီစစ်စစ်က Nutrients, Vitamins နဲ့ Antioxidants တွေကြွယ်ဝစွာပါဝင်လို့ အသားအရေအတွက် အရမ်းကောင်းပါတယ်။ သံလွင်ဆီကို အပူပေးပြီး အကြောပြတ်ရာပေါ်ကိုသာ တိုက်ရိုက်ပွတ်လိမ်းပေးပါ။ နေ့တိုင်း တစ်နေ့ ၂ ကြိမ် ပုံမှန်လိမ်းပေးရင် အကြောပြတ်ရာတွေ ပါးသွားပြီး အသားအရေချောမွေ့လာမှာပါ။

Sugar Scrub

သကြား – စားပွဲတင်ဇွန်းကို Almond Oil – အနည်းငယ်၊ သံပယိုရည် – အနည်းငယ်တို့နဲ့ ရောမွှေပြီး အကြောပြတ်ရာကို Scrub တိုက်သလိုပဲ ပွတ်ပေးပါ။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ဆေးချပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် အကြောပြတ်ရာတွေ ပါးသွားပြီး အသားအရေပြန်ညီလာမယ်၊ အသားအရေ Bright ဖြစ်ပြီး ချောမွေ့လာပါမယ်။

ဒီနည်းလမ်း ၃ မျိုးထဲမှာ ရှားစောင်းလက်ပတ်နည်းလမ်းနဲ့ သံလွင်ဆီနည်းလမ်းကို ကိုယ်အဆင်ပြေရာတစ်မျိုးပဲ သေချာစွဲလုပ်ပေးပါ။ Sugar Scrub တိုက်တာကလည်း လုပ်ပေးဖို့လိုပါတယ်။ ဒါမှ အကြောပြတ်ရာတွေ အမြန်ဆုံး သက်သာလာမှာပါ။

အကြောပြတ်ရာမရှိပေမယ့် ကြိုတင်ကာကွယ်ချင်တယ်ဆိုရင် ညအိပ်ယာဝင်ခါနီးတိုင်း အကြောပြတ်တတ်တဲ့ နေရာတွေကို သံလွင်ဆီလိမ်းပေးပါ။ Scrub ပုံမှန်တိုက်ပေးပါ။