ခြေဖမိုးနဲ့ ခြေဖဝါးကြမ်းတာကို ကြိုက်တဲ့သူတော့ မရှိပါဘူး။ အသားအရေ နူးညံ့တာမျိုးပဲ လိုချင်ကြတာပါ။ တော်တော်များများက ခြေဖမိုးမကြမ်းရင်တောင် ခြေဖဝါးတော့ ကြမ်းကြတာပါပဲ။ ခြေဖဝါးကြမ်းရင် ခြေဖနောင့် အက်ကွဲတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ခြေဖမိုးနဲ့ ခြေဖဝါးကြမ်းတာကို ပြန်လည်အသားအရေ နူးညံ့လာစေဖို့အတွက် ဒီနည်းလမ်းကောင်းလေးတွေကို စမ်းကြည့်ပါနော်…

မုန့်ဖုတ်ဆိုဒါ

ရေကြက်သီးနွေးထဲကို မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်မွှေပြီး ခြေထောက်ကို ၁၀ မိနစ် စိမ်ထားပေးပါ။ စိမ်ပြီးရင် ခြေထောက်ကို brush အပျော့နဲ့ တိုက်ပေးပါ။ ပြီးရင်တော့ ရေခြောက်အောင်သုတ်ပြီး lotion လိမ်းပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်း ခြေဖမိုးနဲ့ ခြေဖဝါးကိုပါ lotion (သို့) foot cream လိမ်းပေးပါ။ ၃ ရက် တစ်ခါလောက် ပုံမှန်လုပ်ပေးရင် ကြမ်းတမ်းနေတဲ့ ခြေဖမိုးနဲ့ခြေဖဝါးတွေ ပြန်လည်နူးညံ့လာပါလိမ့်မယ်။

သံလွင်ဆီ

အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကိုပဲ လုပ်ချင်တယ်ဆိုရင်တော့ ညအိပ်ယာဝင်ခါနီးတိုင်း သံလွင်ဆီလိမ်းပေးပါ။ ညတိုင်း မပျက်မကွက် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ ကြမ်းတမ်းနေတာတွေ ဖြေးဖြေးချင်းစီ သက်သာပြီး အသားအရေ ပြန်လည်နူးညံ့လာမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးအမှည့်ကို ကျေညက်အောင်ချေပြီး ခြေထောက်နဲ့ ခြေဖဝါးမှာ အုံပြီး ပေါင်းတင်သလို လုပ်ပေးပါ။ မိနစ် ၂၀ ထားပြီး အချန်ပြည့်မှ ရေကြက်သီးနွေးလေးနဲ့ ပြန်သန့်စင်ပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ကြမ်းတမ်းနေတဲ့ ခြေဖမိုးနဲ့ခြေဖဝါးတွေက ပြန်လည်နူးညံ့လာပါလိမ့်မယ်။

ဒီနည်းလမ်း ၃ မျိုးထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ ပုံမှန် သေချာလုပ်ပေးဖို့ပါပဲ။ ခဏလေးနဲ့တော့ သိသာတဲ့ result ကို မြင်ရမှာမဟုတ်ပါဘူး။ ဇွဲရှိရှိနဲ့ လုပ်ပေးမှပဲရမှာပါ။