လူအများစုဟာ တခါတလေမှာ ဗိုက်ကအဆီပိုတွေ သူ့အလိုလိုပျောက်သွားရင်ကောင်းမှာပဲဆိုပြီး တွေးတောတတ်ကြပါတယ်။ ယခင်တုန်းကတော့ ဒီလိုအတွေးမျိုးက အတွေးသက်သက်သာဆိုပေမယ့် ယခုအချိန်မှာတော့ လက်တွေ့ဖြစ်လာနိုင်ပါပြီ။ ဒါကြောင့် အခုတစ်ခါဖော်ပြပေးချင်တာကတော့ Gym လည်းသွားစရာမလို၊ အစားအသောက်တွေလည်း အသည်းအသည်ရှောင်စရာမလိုတော့ဘဲ ကိုယ်အလေးချိန်လျော့ချနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသက်ရှူခြင်း

ဒီလေ့ကျင့်ခန်းကတော့ အသက်ရှူရုံပါပဲ။ အသက်ရှူတဲ့အခါမှာလည်း ရင်ဘတ်နဲ့မဟုတ်ဘဲ ဝမ်းဗိုက်နဲ့လေကို ရှူသွင်း၊ ရှူထုတ် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးမယ်ဆိုရင် ခါးသေးသွယ်ပြီး သန်မာတဲ့ဝမ်းဗိုက်ကြွက်သားများကိုပါ ရရှိနိုင်မှာပါ။

၂။ ရေပြောင်းပြန်ချိုးခြင်း

လွယ်ကူရိုးရှင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ရေချိုးလို့ပြီးခါနီးမှာ ရေကို အအေးနှင့် အပူ တစ်လှည့်စီ ချိုးပေးဖို့ပါ။ ဒီလိုမျိုးချိုးပေးခြင်းက အဆီပိုတွေကို ဖယ်ရှားနိုင်ရုံသာမက အဝလွန်ခြင်း၊ အသားအရေပျော့တွဲခြင်းတို့လို အခြေအနေတွေကိုပါ ရှင်းထုတ်ပစ်နိုင်ပါတယ်။

၃။ နှိပ်နယ်ခြင်း

အဆီတွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးနှိပ်နယ်တဲ့ နည်းလမ်းတွေကတော့ Cupping, Water, Honey, Pinching ones တို့ပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းတွေက အဆီတွေစုဝေးနေတဲ့နေရာတွေ၊ ဝမ်းဗိုက်အရှေ့က သွေးလည်ပတ်မှုတွေကို ကူညီပေးနိုင်ပါတယ်။ အချိန်နေရာမရွေး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ အကောင်းဆုံးပါပဲ။

Credit: BrightSide

Featured Image Source: Berkeley Wellness