“လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ”ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ စိတ်ပျက်ပင်ပန်းစရာ ကိစ္စတွေကလည်း အများသားကလား။ သောကနဲ့ အပူမီးတွေကြောင့် အေးချမ်းတည်ငြိမ်စွာ မနေနိုင်ခြင်းဟာ လူ့အဖြစ်ကို စိတ်ကုန်ချင်စရာလည်း ကောင်းနိုင်ပါတယ်။ငြိမ်းချမ်း မှုနဲ့ မနေနိုင်ရင် ဘယ်လိုလုပ် ထိုက်တန်တဲ့ဘဝ ဖြစ်လာပါ့မလဲ။ ဒါကြောင့် နေ့စဉ်ဘဝမှာ အေးချမ်းမှုနဲ့ ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ဖို့ ရိုးရှင်းထိရောက်တဲ့ နည်းတချို့ မျှဝေချင်ပါတယ်။

(၁) တရားထိုင်ခြင်း

young woman yogi practicing meditation in her bedroom

Photo: Freepik

တရားထိုင်ခြင်းဟာ စိတ်နှလုံးအေးချမ်းစွာ နေနိုင်ဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းဆင်းနေခြင်းပဲ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုတွေ ၊ ပူလောင်မှုနဲ့ အလိုမကျမှုတွေ အားလုံးကို အမှန်အတိုင်း ထိုးထွင်းသိမြင်အောင် လုပ်ဖို့ တရားရှုမှတ်ရပါတယ်။

တရားထိုင်ခြင်းဟာ အကုန်အကျအနည်းဆုံး နဲ့ နေရာမရွေးလုပ်နိုင်တဲ့ စိတ်အဆင့်မြှင့်တင်ခြင်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဘတ်စ်ကားစီးရင်း ၊ လမ်းလျှောက်ရင်း ၊ တစ်ခုခုကို စောင့်ဆိုင်းနေရင်းမှာလည်း တရားရှုမှတ်လို့ရပါတယ်။ တရားရှုမှတ်နည်း အဆင့်ဆင့်ကို စနစ်တကျသင်ပြပေးတဲ့ YouTube Channel တွေကနေ လေ့လာနိုင်ပါတယ်။

(၂) ကျေးဇူးနှလုံးသွင်းခြင်း

Thanks for coffee

Photo: Freepik

ဖြစ်ချင်တိုင်း မဖြစ်တဲ့ လောကကြီးမှာ ကျေနပ်စွာ နေတတ်ဖို့ နှလုံးသွင်းမှန်ကန်ဖို့ လိုပါတယ်။ ကိုယ်နဲ့ ကြုံတွေ့နေရတဲ့ လူတွေ ၊ အခြေအနေတွေ နဲ့ ဖြစ်ရပ်တွေပေါ် မျှတတော်တည့်စွာ နှလုံးသွင်းဆင်ခြင်နိုင်ခြင်းအားဖြင့် ဒေါသနည်းပါတယ်။ မေတ္တာပွားလာစေနိုင်ပါတယ်။ ကျေးဇူးပြုတတ်တဲ့ သဘောကို ဆင်ခြင်ပြီး ကျေးဇူးတင်ကျေနပ်နေနိုင်ပါတယ်။ ဘာနဲ့ကြုံကြုံ ကြုံသမျှပေါ် နှလုံးသွင်းမှန်ဖို့ အလေ့အကျင့် လုပ်ပါ။

(၃) လှုပ်လှုပ်ရှားရှားနေခြင်း

attractive woman exercising at the gym

Photo: Freepik

စိတ်အေးချမ်းဖို့ အားလပ်ချိန်မှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။ အချိန်ရရင် ခရီးတွေ သွားပါ။ ကမ်းခြေမှာ လမ်းလျှောက်ရင်း သဘာဝတရားကြီးထဲမှာ ပျော်ဝင်ခံစားလိုက်ပါ။ ကျန်းမာရေး လေ့ကျင့်ခန်းလေးတွေ လုပ်ပါ။ သီချင်းလေးတွေဆိုပါ။ သစ်ပင်ပန်းပင်လေးတွေ စိုက်ပါ။ အရေးကြီးတာက နေ့စဉ်ဘဝမှာ အကျိုးရှိရှိနဲ့ ကျေနပ်စွာ နေထိုင်သွားဖို့ပါပဲ။