Shaving လုပ်စရာမလိုပဲနဲ့ ဂျိုင်းသားချောမွေ့ပြီး ဂျိုင်းမွှေးတွေလည်း သန့်စင်သွားစေမယ့် နည်းလမ်းကောင်း ၃ ခုကို မျှဝေပေးလိုက်ပါတယ်။ Shaving လုပ်ရင်တောင်မှ ဂျိုင်းက အသီးထတာတွေ ဖြစ်ပါသေးတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေက အသုံးဝင်မှာပါ။

သကြား၊ ပျားရည်နဲ့သံပယိုရည်

သကြား – ၁ ခွက်၊ ပျားရည် – ခွက်ရဲ့ ၄ ပုံ ၁ ပုံစာ၊ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး microwave ထဲ ၂ မိနစ်ထည့်ထားပါ။ ပြီးရင်တော့ အပြင်ထုတ် အေးသွားအောင်ထားပါ။

အေးပြီဆိုရင် ဂျိုင်းမှာသုတ်ပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးရင် ၄ ပတ်လောက်နဲ့တင် ဂျိုင်းအသားအရေ ချောမွေ့ပြီး အမွှေးထွက်နှုန်း နည်းသွားတာကို တွေ့ရမှာပါ။

ကြက်ဥအကာနဲ့ပြောင်းဂျုံ

ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ဖယ်ကာ အကာရည်ပဲယူပါမယ်။ ပြီးရင် ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပါမယ်။

မွှေပြီးရင် ဂျိုင်းမှာသုတ်လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်ပြီဆိုမှ ရေဆေးချပါ။ ဂျိုင်းမွှေးတွေ ပြောင်စင်သွားမယ့်အပြင် ဂျိုင်းသားချောမွေ့စေပါတယ်။ စွဲလုပ်ရင် ဂျိုင်းမဲတာလည်း သက်သာစေပါတယ်။

နနွင်းမှုန့်နဲ့မုန့်ဖုတ်ဆိုဒါ

နနွင်းမှုန့် တစ်ဆနဲ့ မုန့်ဖုတ်ဆိုဒါ နှစ်ဆကို ရေနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။

မွှေပြီးရင် ဂျိုင်းမှာသုတ်လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုမှ အဝတ်ကို ရေစွတ်ပြီး ဂျိုင်းကိုသုတ်ပါ။ ပြီးမှ ရေနဲ့သန့်စင်ပါ။ ဒီနည်းလမ်းကတော့ ဂျိုင်းမွှေးတွေကို ဖယ်ရှားပေးပြီး ဂျိုင်းသားချောမွေ့စေတယ်၊ ဂျိုင်းမဲတာလည်း သက်သာစေပါတယ်။

ဒီနည်းလမ်း ၃ မျိုးထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကိုပဲ စွဲပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ result ကို ရရှိမှာပါ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ အားလုံးက တစ်လလောက်နေမှာ result သိသာတာဖြစ်လို့ စိတ်ရှည်ဖို့တော့ လိုပါတယ်။