သွားချေးကျောက်တွေများနေရင် တော်တော်များများက သွားဆေးခန်းမှာ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်သွားမှာက အရမ်းမများသေးဘူး၊ သွားချေးကျောက်တွေ နည်းနည်းပဲ ဖြစ်နေသေးတယ်ဆိုရင်တော့ ဖြေးဖြေးချင်းစီ ပျောက်သွားအောင် အိမ်မှာပဲလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီတော့ အိမ်မှာလုပ်ချင်တဲ့သူတွေအတွက် သွားချေးကျောက်တွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဆား – အနည်းငယ်တို့ကို ရောပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ သွားပွတ်တံကိုရေစွတ်ပြီး ယူတိုက်ပေးပါ။ ၂ မိနစ်လောက် သွားကို သေချာတိုက်ပေးပါ။ ဖိပြီးကြမ်းကြမ်းတမ်းတမ်း မတိုက်ရပါဘူး။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ အာလုပ်ကျင်းပေးရုံပါပဲ။ တစ်ပတ်မှာ ၃ ကြိမ်တိုက်ပေးရုံနဲ့ သွားချေးကျောက်တွေကို ဖြေးဖြေးချင်းစီ ဖယ်ရှားပေးနိုင်ပါပြီ။

လိမ္မော်သီးအခွံ

ဒါကတော့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ လိမ္မော်သီးအခွံနဲ့ သွားတိုက် ၂ မိနစ်၊ ၃ မိနစ်လောက် ပွတ်တိုက်ပေးရမှာပါ။ တိုက်ပြီးရင် ၂ မိနစ်ထားပြီးမှ ရေခဲရေနဲ့ အာလုပ်ကျင်းပေးပါ။ ဒီနည်းလမ်းကတော့ ပါးစပ်ထဲက ဘတ်တီးရီးယားတွေကိုပါ တိုက်ထုတ်ပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၃ ကြိမ် (သို့) တစ်ရက်ခြားစီ လုပ်ပေးလို့ရပါတယ်။

နှမ်းစေ့

နှမ်းစေ့ကိုကြိတ်ပြီး ရလာတဲ့ thick paste ကိုမှ သွားပွတ်တံနဲ့ယူပြီး သွားတိုက်ပေးရမှာပါ။ ၃ မိနစ်လောက်တိုက်ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ အာလုပ်ကျင်းပေးပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ ၃ ကြိမ်လောက်လုပ်ပေးရုံနဲ့ သွားချေးကျောက်တွေ တစ်ဖြေးဖြေးနဲ့ ပျောက်လာမှာပါ။ သွားပွတ်တံနဲ့မတိုက်ပဲ လက်နဲ့ပဲယူပြီး ပွတ်ပေးလို့လည်း ရပါတယ်။