ဟယ်လို…ပျိုမေလေးတို့ရေ… အလှအပဆိုရင် အသေးအမွှားလေးကအစ အရာအားလုံးကို ဂရုစိုက်နေတတ်တဲ့သူတွေအတွက်ကတော့ အကြောပြတ်ရာလေးတွေကလည်း စိတ်အနှောင့်အယှက်အများကြီး ဖြစ်စေပါတယ်နော်။ ကိုယ်ဝန်ဆောင်ပြီးသွားတဲ့အချိန်တွေ၊ ကိုယ်အလေးချိန်လျေကျာ့သွားတဲ့အချိန်တွေမှာ ဖြစ်တတ်တဲ့ အကြောပြတ်ဒဏ်ရာတွေကို ပျောက်ကင်းဖို့အတွက်ဆိုရင်တော့ ဒီသဘာဝနည်းလမ်လေးတွေက ပျိုမေတို့အတွက် အများကြီး အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ့…

ကြက်ဆူဆီ

ကြက်ဆူဆီက အရေပြားပေါ်မှာရှိတဲ့ ဒဏ်ရာတွေ၊ အကြောပြတ်တာတွေကို ပျောက်ကင်းအောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကြက်ဆူဆီအနည်းငယ်ကို အကြောပြတ်တဲ့နေရာပေါ်မှာ သေချာလိမ်းပေးပြီး အဝတ်သန့်သန့်လေးတစ်ခုနဲ့ အုပ်ထားပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ရေနွေးထည့်ထားတဲ့ပုလင်း ဒါမှမဟုတ် အိတ်ကိုတင်ပြီး နာရီဝက်လောက် ထားပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်လလောက်လုပ်ပြီးသွားတဲ့အခါမှာ သိသာတဲ့ရလဒ်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာက အသားအရေပေါ်မှာရှိနေတဲ့ အမာရွတ်တွေကို ပျောက်ကင်းစေဖို့ အထောက်အကူဖြစ်နေစေပါတယ်။ ကြက်ဥအကာကိုပဲ ဇလုံထဲကိုထည့်ပြီး ခရင်းနဲ့ခေါက်ပေးလိုက်ပါ။ အမြုပ်တွေဖြစ်သွားပြီဆိုတဲ့အချိန်ကျရင် သန့်စင်ထားတဲ့အသားအရေပေါ်မှ ာလိမ်းပေးပြီး ခြောက်သွားတဲ့ထိ ထားပေးလိုက်ပါ။ အချိန်ကြာလို့ ခြောက်သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ ပြန်ပြီးတော့သန့်စင်ပေးဖို့ လိုပါမယ်နော်။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ သိသာလာစေမှာပဲဖြစ်ပါတယ်။

အာလူးအရည်

အာလူးကအသားအရေပေါ်မှာရှိတဲ့ ဝက်ခြံကြောင့်ကျန်တဲ့အမာရွတ်တွေကိုလည်း ပျောက်ကင်းစေပြီး အသားအရေကို ပုံမှန်တိုင်းပြန်ဖြစ်စေဖို့ ကူညီပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါတယ်။

နည်းလမ်းလေးကတော့ အာလူးကိုလှီးလိုက်တဲ့အခါမှာ သဘာဝအတိုင်းရှိနေတဲ့အရည်တွေကို အကြောပြတ်တဲ့နေရာတွေပေါ်မှာလိမ်းပေးပြီး ခြောက်သွားအောင် ထားထားပေးရပါမယ်။ အာလူးကအရည်တွေက အသားရေတွေပေါ်မှာ ခြောက်သွေ့သွားပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးတွေက အကြောပြတ်တဲ့ဒဏ်ရာတွေကို သိသိသာသာ သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် အပြစ်နာဆာကင်းတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်တဲ့သူတိုင်း Tryကြည့်သင့်တဲ့ ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလမ်းလေးတွေပဲ့ ဖြစ်ပါတယ်နော်။