ဆံပင်သန်ချင်တဲ့သူတွေနဲ့ ဆံသားပျက်စီးနေတဲ့သူတွေအတွက် ငှက်ပျောသီးနဲ့ပေါင်းတင်နည်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ငှက်ပျောသီးနဲ့ ဆံပင်ပေါင်းတင်ပေးတာက ဆံသားပျက်စီးတာတွေ သက်သာစေပြီး ဆံပင်သန်စေတယ်၊ ဆံသားအတွက် လိုအပ်တဲ့အာဟာရဓာတ်ကိုလည်း ရရှိစေပါတယ်။ နည်းလမ်း ၃ မျိုးရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၁ ကြိမ်တော့ ပုံမှန်လုပ်ပေးပါ။ ပုံမှန်လုပ်ပေးရင် သိသာတဲ့ Result ကို ရရှိမှာပါ။

ငှက်ပျောသီး၊ ပျားရည်၊ အုန်းဆီ

ငှက်ပျောသီးအမှည့်တစ်လုံးကို ကြိတ်ချေပြီးတော့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေလိုက်ပါ။

Creamy ပုံစံလေးဖြစ်သွားပြီဆိုရင်တော့ ဆံသားအနှံ့သေချာလိမ်းပေးပါ။ အဖျားတွေကို များများလိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ ထားပြီးတော့မှ ခေါင်းလျှော်ပေးပါ။ ရေကြက်သီးနွေးနဲ့ လျှော်ပေးရင် ပိုပြီးပြောင်ပါတယ်။

ငှက်ပျောသီး၊ ဒိန်ချဉ်၊ သံလွင်ဆီ

ငှက်ပျောသီးအမှည့်တစ်လုံးကို အရင်ကြိတ်ချေလိုက်ပါ။ ပြီးရင် ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေပါ။ သမအောင်မွှေပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ထပ်မွှေပေးပါ။

ပြီးသွားပြီဆိုရင်တော့ ဆံသားအနှံ့ အရင်းကနေ အဖျားအထိ သေချာလိမ်းပေးပါ။ ၄၅ မိနစ်ထားပြီးတော့မှ ခေါင်းလျှော်ရမှာ ဖြစ်ပါတယ်။ ရေနွေးမသုံးပဲ ရေအေးနဲ့ပဲ လျှော်ပေးပါ။

ငှက်ပျောသီး၊ ထောပတ်သီး၊ ပျားရည်၊ Almond Oil

ငှက်ပျောသီးအမှည့်တစ်လုံးကို ထုံစံအတိုင်းပဲ အရင်ကြိတ်ချေပါမယ်။ ပြီးရင် ထောပတ်သီး တစ်လုံးကိုလည်း ကြိတ်ချေပေးပါ။ ပြီးရင်တော့ ကြိတ်ချေထားတဲ့ ငှက်ပျောသီးနဲ့ ထောပတ်သီးကို ၂ မျိုးလုံးရောမွှေလိုက်ပါ။ ပြီးရင် ပျားရည်း စားပွဲတင်ဇွန်း ၁ ဇွန်း၊ Almond Oil စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီးတော့ သမအောင်မွှေပေးပါ။

အားလုံးပြီးရင်တော့ ဆံသားအနှံ့လိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။