နဖူးအပေါ်က ဆံစလေးတွေကျတဲ့နေရာတို့၊ ဦးရေပြားတို့မှာ အခန့်မသင့်ရင်၊ ဆိုးဆေးတွေနဲ့ မတည့်ရင် ဝက်ခြံပေါက်တာမျိုးတွေ၊ ဖုထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ဖု၊ နှစ်ဖုပေါက်တာလောက်ကတော့ ဒီတိုင်းပဲထားလိုက်ပါ။ အများကြီးထွက်နေမှသာ မြန်မြန်ပျောက်အောင်လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဦးရေပြားမှာ ဝက်ခြံပေါက်တာကို အမြန်ဆုံးပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

Tea Tree Oil

Tea Tree Oil – ၆ စက်လောက်ကို ကိုယ်သုံးမယ့် conditioner ထဲထည့်ပြီး ခေါင်းလျှော်ပြီးတိုင်းမှာ သုံးပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ နူးညံ့တဲ့ခေါင်းလျှော်ရည် mild shampoo နဲ့ လျှော်ပါ။ ပြီးရင် Tea Tree Oil ရောထည့်ထားတဲ့ conditioner ကို ခေါင်းလျှော်ပြီးတိုင်း သုံးပေးပါ။ စစချင်းမှာတော့ တစ်ပတ် ၂ ကြိမ် ဒီနည်းလမ်းသုံးပေးပါ။ ဝက်ခြံပျောက်သွားရင်တော့ နောက်ပိုင်းမှာ ထပ်မဖြစ်အောင် တစ်ပတ်တစ်ခါလောက် ထည့်သုံးပေးလို့ရပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်က အထဲက ဂျယ်လ်ကိုယူပြီး ဝက်ခြံပေါက်တဲ့နေရာမှာ ပွတ်လိမ်းထားလိုက်ပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို အခွံခွာ၊ နုတ်နုတ်ဆင်းပြီး ဝက်ခြံဖြစ်နေတဲ့နေရာမှာ ပွတ်လိမ်းထားပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးပါ။

Source:www.stylecraze.com