မင်္ဂလာပါနော်။ ချိုင်းကြားအသားအရေ ညိုမည်းနေတာဟာ မိမိကိုယ်ကိုယုံကြည်မှု အားနည်းစေပါတယ်။ အင်္ကျ ီ လက်ပြတ်ဝတ်လို့အဆင်မပြေသလို ဝတ်တဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းနေမှာဖြစ်ပါတယ်။

ချိုင်းကြားအသားအရေလေး ညိုမည်း ပျက်စီးခြင်းမရှိအောင် ချိုင်းမွှေးနှုတ်တာမျိုးကိုရှောင်ပါ။ တတ်နိုင်ရင်တော့ Waxing လုပ်ပေးတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း ရိတ်ပေးပါ။ ပြီးရင် အခုဖော်ပြမယ့် နည်းလမ်း (၃) ခုကို လုပ်ကြည့်ပါ။

၁။ သဘောၤ သီးစိမ်း

သဘောၤ သီးစိမ်းဟာ ချိုင်းကြားညိုမည်းနေတာကို သက်သာစေပါတယ်။ သင်္ဘောသီးစိမ်းကိုခြစ်လိုက်ပြီး ပြဲအောင် ကျိတ်လိုက်ပါ။ ပြီးရင်တော့ ချိုင်းကြားမှာ လိမ်းပေးပြီး နာရီဝက် လောက်ထားပါ။ ပြီးရင်တော့ ရေဆေးချပေးလိုက်ပါ။

၂။ ဒိန်ချဉ်နဲ့ နနွင်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ နနွင်း စားပွဲတင်ဇွန်း ၂ ဇွန်းရောလိုက်ပါ။ သေချာလေးမွှေပေးပြီး ချိုင်းကြားအသားအရေမှာ လိမ်းပေးကာ ခြောက်အောင်ထားပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။

၃။ ပျားရည်နဲ့ သံပုရာသီး (သို့) သံပုယိုသီး

သံပုရာသီးသုံးလုံး (သို့) သံပုယိုသီးသုံးသုံး ရပါတယ်နော်။ သံပုရာသီးကို လှီးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ပျားရည်လေး တင်ပေးလိုက်ပါ။ အဲဒီနောက် ချိုင်းကြားကို သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိနဲ့ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုနိုင်ပါတယ်။