သင်က ဘာမှပြင်ဆင်စရာ မလိုဘဲ အရင်ထက် ဓာတ်ပုံထဲ ပိုလှချင်ရင်တော့ လုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ လူတွေဆီမှာ “နင်က ဓာတ်ပုံစားတယ်” ပြောခံရတာက နည်းတဲ့ ချီူးကျူးစကားတော့ မဟုတ်ပါဘူး။ လူအများနဲ့ တွဲရိုက်ရင် ထင်းထွက်နေဖို့၊ တစ်ယောက်တည်း ဓာတ်ပုံရိုက်ရင်လည်း အရင်ထက် လန်းနေဖို့ အသုံးချနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် လေ့ကျင့်ပါ

ဓာတ်ပုံရိုက်တဲ့ ကောင်မလေးတွေ ကင်မရာရှေ့ ရောက်ရင် ပထမဆုံး ခံစားရမယ့် အရာကတော့ လူတွေရဲ့ ထင်မြင်ချက်ပါ။ “တခြားသူတွေ ငါ့ကို ကြည့်ပြီး ဝေဖန်နေမလား” “ရိုက်ပေးတဲ့ သူကကော ငါ့ပုံ မလှဘူးဆိုပြီး တွေးနေမလား” စသဖြင့် အတွေးမျိုးစုံ ဝင်လာတတ်ပါတယ်။

ဒီလို မဖြစ်ရအောင် ဓာတ်ပုံရိုက်ခါနီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် Train ထားသင့်ပါတယ်။ မှန်ရှေ့မှာ ထိုင်ပြီး “ငါက လှတယ်၊ ငါ့ပုံတွေ ကြည့်ကောင်းတယ်၊ ငါ့ကိုယ်ငါ လက်ခံတယ်” စသဖြင့် ပြောသင့်ပါတယ်။ နောက်ထပ် အလွယ်တကူ လုပ်နိုင်တဲ့ နည်းလမ်းကတော့- ဓာတ်ပုံရိုက်တဲ့အချိန် Confident တိုးအောင် လုပ်ပေးနိုင်တဲ့ သီချင်းတွေ ဖွင့်ထားတာပါ။

၂။ Pose ပေးတာ လေ့ကျင့်ပါ

အလိုလိုနေရင်းနဲ့တော့ ပို့စ်တွေက ပိုလှလာမှာ မဟုတ်ပါဘူး။ လေ့ကျင့်မှ သင့် စတိုင်က ဓာတ်ပုံထဲ ပိုမိုက်လာမှာပါ။ လေ့ကျင့်နိုင်တဲ့ နည်းလမ်းတွေကတော့- ခဏခဏ ဓာတ်ပုံရိုက်တာ၊ ဘယ်လိုနေရင် လှလဲ မှန်ထဲ လေ့ကျင့်တာ စတာတွေကို များများ လုပ်ပေးသင့်ပါတယ်။

၃။ တခြားသူတွေရဲ့ ဓာတ်ပုံတွေကနေ Idea ရယူပါ

သင်က ဓာတ်ပုံလှလှလေးတွေကို ပိုင်ဆိုင်ချင်တယ် ဆိုရင် တခြားသူတွေဆီကနေ နမူနာ ယူသင့်ပါတယ်။ မော်ဒယ်တွေရဲ့ Pose တွေ၊ Instagram နဲ့ Pinterest က ဓာတ်ပုံတွေ စတာတွေကို လိုက်ကြည့်ပြီး သင်က ပြန် ဖန်တီးနိုင်ပါတယ်။

အခုဖော်ပြထားတဲ့ ပုံတွေကလည်း သင့်အတွက် Photogenic ဖြစ်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar