ရည်းစားနဲ့ပြတ်ရင် တချို့တွေက စိတ်တိုဒေါသထွက်ပြီး အရှက်ခွဲတာမျိုး၊ စိတ်ထင်သလိုလုပ်ပစ်လိုက်တာမျိုး ရှိပါတယ်။ ဒီလိုလုပ်တာက နှစ်ယောက်လုံးအတွက် ကောင်းတာမရှိပါဘူး။ ဒါကြောင့် ရည်းစားနဲ့ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲပြတ်ပြတ် လုံးဝမလုပ်သင့်တဲ့အရာတွေ ရှိပါတယ်။

Social media မှာ ဖြစ်ကြောင်းကုန်စင်မတင်ပါနဲ့

တော်တော်များများက ရည်းစားနဲ့ပြတ်ပြီဆိုရင် Social Media မှာ ဖြစ်ကြောင်းကုန်စင် တင်လေ့ရှိကြတယ်။ ဒီလိုတင်တော့ ကိုယ့်အတွင်းရေးကို လူတစ်ကာသိသွားတာပဲရှိမယ်။ ကိုယ်ကတော့ သူ့ကိုမကျေနပ်လို့ သူ့ကိုအရှက်ကွဲအောင် တင်လိုက်ပေမယ့် ကိုယ်လည်း အရှက်ကွဲပါတယ်။ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တာပေါ့။ ဒါကြောင့် ကိုယ့်အတွင်းရေးကို အမြဲလျှို့ဝှက်ထားပါ။ သူများက ကိုယ်ပြောမှသာ သိရတာပါ။

ကိုယ့်ကိုယ်ကိုထိခိုက်အောင်မလုပ်ပါနဲ့

ရည်းစားနဲ့ပြတ်လို့ စိတ်တိုရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းနာကျင်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် ဘယ်တော့မှမလုပ်ပါနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ပြတ်ရင် ခံစားရမှာပါပဲ။ ခံစားရတိုင်းသာ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်မယ်ဆိုရင် ကိုယ်ပဲထိခိုက်မှာပါ။ အချိန်ကကုစားပေးသွားပါလိမ့်မယ်။ ကိုယ်အဆင်ပြေသွားတဲ့အချိန်တစ်ခုကိုရောက်လာရင် ဒါတွေက ဟာသတစ်ခုလိုဖြစ်သွားမှာပါ။

ထင်ရာစိုင်းတာမျိုးမလုပ်ပါနဲ့

ရည်းစားနဲ့ပြတ်ရင် မကျေနပ်လို့ဆိုပြီး ထင်ရာစိုင်းတာမျိုး၊ ပြဿနာရှာပြီး မျက်နှာပျက်ရအောင်လုပ်တာမျိုးတွေက လုံးဝမလုပ်သင့်ပါဘူး။ အရမ်းလည်းမတွေးနဲ့၊ အရမ်းလည်းမခံစားနဲ့။ ကိုယ့်ကိုယ်ကိုသာ ပျော်အောင်ထားပြီး အဆင်ပြေသလိုနေ၊ အချိန်တစ်ခုကိုဖြတ်ကျော်ပြီးသွားရင် အရာရာ အဆင်ပြေပြီး ပျော်ရွှင်လာမှာပါ။

Photo Source: www.pinterest.com