ကိုယ့်ရည်းစားက နောက်တစ်ယောက်ရသွားလို့ ကိုယ့်ကိုထားခဲ့တာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုထားခဲ့တဲ့အခါမှာ တစ်ချိန်လုံး ဒါကိုပဲခံစားပြီး ဝမ်းနည်းနေရင် ဘာမှအကျိုးမရှိပါဘူး။ ကိုယ်ပဲပူလောင်ရပါတယ်။ မြန်မြန် move on လုပ်နိုင်အောင် ကြိုးစားရပါမယ်။ ဒါကြောင့် relationship တစ်ခုမှာ ထားခဲ့တာခံရတဲ့သူတွေအနေနဲ့ ဒီအရာ ၃ ခုကို လုပ်သင့်ပါတယ်။

ကောင်းတဲ့ဘက်ကနေတွေးလိုက်ပါ

ကိုယ့်ကိုမချစ်တဲ့သူနဲ့ စောစောစီးစီးလမ်းခွဲလိုက်ရတာ ကိုယ့်အတွက် ကောင်းတယ်လို့သာ တွေးလိုက်ပါ။ အချိန်တွေထပ်ကြာရင် ပိုသံယောဇဉ်ဖြစ်ပြီး ပိုတောင်ခံစားနေရပါအုံးမယ်။ ဒါကြောင့် ကိုယ့်အပေါ်မကောင်းတဲ့သူနဲ့ပြတ်တော့ ကိုယ့်အပေါ်ကောင်းတဲ့သူ ထပ်ရောက်လာမယ်လို့သာ တွေးပါ။ ပြတ်သွားတာ ကောင်းပါတယ်ဆိုပြီးပဲ အမြဲတွေးပေးရင် ခံစားရလာလည်း လျော့ကျသွားစေပါတယ်။ ကိုယ့်ကိုယ်ကိုပဲ ပိုချစ်ပေးပါ။

လွပ်လပ်သွားပြီလို့တွေးလိုက်ပါ

သူနဲ့တွဲတုန်းက ကိုယ်လုပ်ချင်တာမလုပ်ပဲ နေခဲ့ရတာတွေ၊ လွတ်လွတ်လပ်လပ် မနေခဲ့ရတာတွေ အခုချိန်မှာတော့ အားလုံးလွတ်လပ်သွားပြီ၊ ကိုယ့်ကိုလိုက်ပြီး တားဆီးပိတ်ပင်မယ့်သူတွေ မရှိတော့ဘူး၊ စိတ်ကြိုက်လုပ်လို့ရပြီလို့သာ တွေးပြီးပျော်လိုက်ပါ။ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာလုပ်ပြီး နေရတာလောက် ပျော်စရာကောင်းတာမရှိပါဘူး။ ဒါကြောင့် ထားခဲ့ခံရလို့ အိပ်ယာထဲခွေခေါက်ပြီး ထိုင်ဆွေးနေမယ့်အစား လုပ်ချင်တာတွေ ပျော်ပျော်ကြီးလုပ်ပြီးသာ နေလိုက်ပါ။

အရင်ထက်ပိုလှအောင်နေပါ

ကိုယ့်ကိုပစ်သွားတဲ့သူကို လက်စားချေဖို့ သူလုပ်သလိုတွေ လိုက်လုပ်ပြနေစရာမလိုပါဘူး၊ ရွဲ့နေစရာလည်းမလိုပါဘူး။ သူနဲ့တွဲတုန်းကထက် အများကြီးပိုလှလာအောင် နေပြလိုက်ပါ။ ပြင်ပြင်ဆင်ဆင်နဲ့ လှပပြီး ပျော်ရွှင်နေတဲ့ပုံစံနဲ့ နေပြလိုက်ပါ။ လွတ်တဲ့ငါးကြီးတယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် ကိုယ့်ကိုယ်ကိုအရင်ထက် ပိုတိုးတက်လာအောင် ကြိုးစားပါ။ ကိုယ့်အတွက်လည်း အများကြီး အကျိုးရှိစေပါတယ်။