Cute Type ကြိုက်တဲ့ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ တရုတ်မလေးတွေလို ချစ်ဖို့ကောင်းစေမယ့် ဆံပင်ပြင်ဆင်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

ပထမတစ်မျိုးအတွက် ဆံပင်ကို တစ်ဝက်စည်းပြီး စည်းထားတာကို အလယ်ခွဲကာ ဆံပင်ကို လိပ်ထည့်ပေးပါ။ ပြီးရင် အောက်ကကျန်တဲ့ ဆံပင်တွေကိုပါ အကုန်စုစည်းလိုက်ပါ။

စည်းပြီးရင် ဆံပင်ကိုလိမ်ပြီး ဆံထုံးလေးထုံးပေးပါ။။ ဆံထုံးထုံးပြီးရင် သားရေကွင်းနဲ့ပဲ ပြန်ပတ်ပေးပါ။ ပြီးရင်တော့ ဆံစလေးတွေကို နည်းနည်းစီဆွဲထုတ်ပေးပါ။

အရှေ့ဆံပင်ကို နည်းနည်းချထားပါ။ ဒါမှ ကပိုကယိုလေးနဲ့ လှနေတဲ့ ဆံပင်ပုံစံလေးကို ရရှိမှာပါ။

ဆံပင်အလယ်ခွဲပြီး ထိပ်နားလေးကို နှစ်ဖက်ခွဲစည်းပြီး အပေါ်မှာလို စည်းထားတာလေးကို အလယ်ခွဲပြီး ဆံပင်လိပ်ထည့်ပါ။ ပြီးရင် နှစ်ဖက်လုံးကို စုစည်းလိုက်ပါ။

အောက်ကကျန်တဲ့ဆံပင်တွေကို တစ်ဝက်စည်းလိုက်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း စည်းထားတဲ့ဆံပင်တွေကို အပေါ်ကစည်းထားတဲ့ ဆံပင်ထဲ ခွဲထည့်ပါ။

အရှေ့မှာ ဆံစလေးတွေကို နည်းနည်းချပေးပါ။ ဒါမှ ပိုချစ်ဖို့ကောင်းမှာပါ။

ဆံပင်ကို ပုံမှာပြထားတဲ့အတိုင်း ထိပ်ကနေ နည်းနည်းစယူပြီး စည်းပါ။ ပြီးရင် စည်းထားတာလေးကို အလယ်ခွဲပြီး ဆံပင်လိပ်ထည့်ပါ။ အောက်ဘက်တွေကိုလည်း အဲ့လိုပဲလုပ်ပေးသွားပြီး နားအောက်နားလေးရောက်ပြီဆိုမှ ကျစ်ဆံမြီးစကျစ်ပေးပါ။

နှစ်ဖက်လုံးကို အဲ့အတိုင်းပါ လုပ်ပေးပါ။ ဒါဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ ဆံပင်ပုံစံလေးကို ရရှိသွားမှာပါ။

Source: www.beautytricks