လူတိုင်း ကိုယ့်ပန်းတိုင်ဆီ တက်လှမ်းပြီး အောင်မြင်ချင်သူတွေချည်းပါပဲ။ တစ်နှစ်ထက် တစ်နှစ် သင့်ရည်မှန်းချက်တွေက ပိုရှုပ်ထွေးလာပြီး ပိုများပြားလာတာကို သင်သတိထားမိမှာပါ။ ကိုုယ့်ရည်မှန်းချက်က ဘယ်လောက်ပဲကြီးမားပါစေ တစ်နေ့နည်းနည်းစီနဲ့ ခြေလှမ်းသေးသေး လေးတွေကနေ စလှမ်းရပါမယ်။ သင်က သင့်ရည်မှန်းချက်တွေပြည့်ဝနိုင်ဖို့ ကြိုးစားနေသူဆိုရင်တော့ ဒီအဆင့် (၃) ဆင့်ကနေ စတင်သင့်ပါတယ်။

၁။ ကိုယ့်ရည်မှန်းချက်ကို ခွဲခြမ်းစိတ်ဖြာပါ


သင့်ရည်မှန်းချက်ကို အတိအကျသိခြင်းကနေ စတင်ရပါမယ်။ သင့်ဘဝမှာ သင်ဘာကိုလိုချင်လဲ တိတိကျကျသိရပါမယ်။ ကိုယ်ဖြစ်ချင်တာတွေကို သတ်မှတ်ရပါမယ်။ ဒီရည်မှန်းချက်တွေထဲက ဒီနေ့စလုပ်ရမယ့်အရာတွေ ရှိနေမှာပါ။ တချို့အရာတွေကတော့ အချိန်ယူပြီး လုပ်ရမှာတွေရှိပါတယ်။ ဒီအရာတွေအတွက် အစီအစဉ်ဆွဲထားရပါမယ်။

၂။ ကိုယ်ပန်းတိုင်ကို ချရေးပါ


သင့်ပန်းတိုင်၊ သင်ဖြစ်ချင်တဲ့ဆန္ဒတွေကို စာအုပ်တစ်အုပ်ထဲ ချရေးရပါမယ်။ ဒီစာရင်းထဲက ကိုယ်လုပ်နိုင်တဲ့ လှေကားထစ်သေးသေးလေးတွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်။ စီစဉ်စရာရှိတာတွေကိုလည်း စာအုပ်ထဲချရေးရပါမယ်။

၃။ ဘယ်အရာကို အရင်အာရုံစိုက်ရမလဲ စဉ်းစားပါ


သင့် ရည်မှန်းချက်ကို ရောက်ရှိဖို့ အချိန်ဘယ်လောက်ယူမလဲ ချရေးရပါမယ်။ ပြီးရင်တော့ ကိုုယ့်ကိုကိုယ် အာရုံစိုက်ပြီး စလုပ်ရပါမယ်။ ကိုယ့်ရည်မှန်းချက်က အချိန်အကန့်အသတ်ရှိရပါမယ်။ တိကျရပါမယ်။ ဖြစ်နိုင်ချေရှိရပါမယ်။ ကျိုးကြောင်းဆီလျော်မှုရှိရပါမယ်။ဘယ်အရာကို အရင်လုပ်နိုင်မလဲ စဉ်းစားပြီးတာနဲ့ ဒီအရာကိုပဲ အာရုံစိုက်ပြီး တစိုက်မတ်မတ်လုပ်ရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar