ပျိုမေတို့အားလုံး မင်္ဂလာပါ။ ဒီလေ့ကျင့်ခန်းသုံးခုကတော့ ခါးသေးချင်တဲ့သင့်အတွက် အမှန်တကယ်ထိရောက်စေမှာပါ။ ကိုယ့်ခါး Size က မျိုးရိုးဗီဇအရ ကြီးတာ ဖြစ်နိုင်သလို ဗိုက်နားမှာ အဆီစုနေတတ်လို့ ကြီးနေတတ်ပါတယ်။ မျိုးရိုးဗီဇအရ ကြီးတယ်ဆိုရင်တော့ ချရ ခက်ခဲပါတယ်။ လေ့ကျင့်ခန်း မလုပ်တာထက် စာရင်တော့ လုပ်တာက ပိုထိရောက်မှာပါ။
ဒီလေ့ကျင့်ခန်း ၃ ခုကို စစလုပ်ချင်း စက္ကန့် ၃၀ က စတင်ပြီး တဖြည်းဖြည်း တရက်ပြီး တစ်ရက် ၁ မိနစ် ရတဲ့အထိ တိုးလုပ်သွားရပါမယ်။
၁။ Russian Twist
Photo Source: Giphy
- ခြေထောက်ကို ကွေးပြီး မြေပြင်နဲ့ ဝေးအောင် မြှင့်ပေးထားရပါမယ်။
- ဒီအနေအထားနဲ့ ခန္ဓာကိုယ်ကို ဘယ်ညာ လှည့်ပေးရပါမယ်။
၂။ Heel Tap
Photo Source: Popsugar
- အိပ်လျက်ဒူးကွေးအနေအထားနဲ့ ပခုံးကို မထားပြီး ခြေဖနောင့် တစ်ဖက်စီကို လက်နဲ့ ထိအောင် လုပ်ပေးရပါမယ်။
၃။ Plank with Hip Dips
Photo Source: Tenor
- Plank ထောက်တဲ့ပုံစံ တံတောင်နဲ့ ထောက်ပေးရပါမယ်။
- ပြီးနောက် ခန္ဓာကိုယ်ကို ဘယ်ညာ တစ်လှည့်စီ စောင်းပေးရပါမယ်။
By MyStyle Myanmar