အထူးသဖြင့်မိန်းကလေးတွေအနေနဲ့ ဂျိုင်းမွှေးပေါက်ရင် ဒီတိုင်းထားလို့လည်း အဆင်မပြေဘူး။ လက်ပြတ်ဝတ်ရင်လည်း ဂျိုင်းမွှေးတွေနဲ့ဆို အဆင်မပြေဘူး။ လက်ပြတ်မဝတ်လို့ ဂျိုင်းမွှေးပေါက်လည်း ဒီတိုင်းပဲထားမယ်ဆိုရင်တော့ ဂျိုင်းချွေးနံ့နံတဲ့သူတွေအတွက် အနံ့ဆိုးပိုထွက်လာစေ ပါတယ်။ ရိတ်တာမျိုး၊ နုတ်တာမျိုး၊ ဆေးနဲ့ရှင်းတာမျိုး လုပ်လည်း ၂ ပတ်၊ ၃ ပတ်လောက်ကြာရင် ပြန်ပေါက်တာပဲဆိုတော့ ဂျိုင်းမွှေးပေါက်တာကို လျော့နည်းလာအောင် လုပ်ဖို့ပဲရှိပါတော့တယ်။ ဒါကြောင့် ဂျိုင်းမွှေးပေါက်တာ လျော့နည်းလာအောင်လုပ်နိုင်မယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Chamomile Tea

Chamomile Tea ကိုသောက်ရင်က အသားအရေအတွက် တော်တော်ကောင်းပါတယ်။ Chamomile Tea ကို ဂွမ်းဖတ်လေးနဲ့ဖြစ်ဖြစ်ယူကာ ဂျိုင်းမှာသုတ်လိမ်းပေးထားပြီး ခြောက်သွားရင် ရေဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းကတော့ ဂျိုင်းမွှေးပေါက်တာကို လျော့နည်းလာစေပါတယ်။

သံပယိုသီး

သံပယိုရည်ကို ဂျိုင်းမှာသုတ်ပြီး ၁၅ မိနစ်လောက်ထားထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ပါ။ သံပယိုသီးကို တစ်ခြမ်းခြမ်းကာ ဂျိုင်းမှာပွတ်ပေးပြီး ၁၅ မိနစ်ထားမယ်ဆိုလည်း ရပါတယ်။ ဒီလိုလုပ်ပေးခြင်းက ဂျိုင်းမွှေးပေါက်တာကို လျော့နည်းလာစေပါတယ်။ Sensitive ဖြစ်တဲ့သူတွေဆိုရင်တော့ သံပယိုရည်ကို ပျားရည်လေးနဲ့ရောပြီး လုပ်ပေးပါ။

pumice stone

pumice stone လို့ခေါ်တဲ့ ခြေဖနောင့်တွေတိုက်တဲ့အတုံးလေးနဲ့ ဂျိုင်းကိုပွတ်ပေးရင်လည်း ဂျိုင်းမွှေးပေါက်တာ လျော့နည်းလာစေပါတယ်။ စက်ဝိုင်းပုံစံပွတ်ပေးရမှာပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ရပါဘူး။

Source: www.brightside.me