အသက်ကြီးလာရင် ထိပ်ပြောင်တာမျိုး ဖြစ်လေ့ရှိတာပါပဲ။ ဒီလိုထိပ်ပြောင်တဲ့နေရာမှာ ဆံပင်ပြန်ပေါက်လာစေဖို့ ကူညီပေးမယ့် သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ လူတိုင်းလုပ်ရတာ အဆင်ပြေမယ့်နည်းလမ်းတချို့ကို ရွေးပြီး ပြောပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ နည်းလမ်းတစ်မျိုးကို ရွေးလုပ်လို့ရပါတယ်။ အသက်ငယ်ပြီး ဆံပင်အရမ်းကျွတ်လို့ ထိပ်ပြောင်တဲ့သူတွေအတွက်လည်း တော်တော်အသုံးဝင်စေတဲ့ နည်းလမ်းလေးဖြစ်မှာပါ။

အုန်းဆီ

အုန်းဆီစစ်စစ်ကို ထိပ်ပြောင်နေတဲ့နေရာမှာ သေချာ နှိပ်နယ်ပြီး များများလိမ်းထားပေးပါ။ ၅ နာရီလောက်ထားပြီး ရေဆေးချလို့လည်းရသလို၊ တစ်ညလုံးထားပြီး မနက်ကျမှ ရေဆေးချလိုက်လည်း ရပါတယ်။

ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးပါ။

သံလွင်ဆီ

သံလွင်ဆီကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပူလာရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။ အေးသွားပြီဆိုမှ ထိပ်ပြောင်းတဲ့နေရာမှာ သေချာနှိပ်နယ်ပြီး များများလေးလိမ်းထားလိုက်ပါ။ အနည်းဆုံး ၁ နာရီထားပြီးမှ ရေဆေးချပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ရပါမယ်။

Jojoba Oil

Jojoba Oil ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ယူပြီး ထိပ်ပြောင်တဲ့နေရာမှာ သေချာနှိပ်နယ်ပြီး လိမ်းထားပါ။ ၄ နာရီထားပြီးရင်တော့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ ၃ ကြိမ်လုပ်ရပါမယ်။

Source:www.stylecraze.com