အားလုံးပဲ မင်္ဂလာပါ။ တချို့ မိန်းကလေးတွေ ယောကျာ်းလေးတွေက ပြောပြလို့မရတဲ့ ဆွဲဆောင်မှုတစ်မျိုးရှိကြပါတယ်။ သူတို့နဲ့ တွေ့တဲ့အချိန်ဆိုရင် ကိုယ့်စိတ်က သူ့ကို ဆွဲဆောင်မှုရှိတယ်လို့ အလိုလို သိနေတတ်တာမျိုးပါ။ဒီရာသီခွင်တွေကို သဘောကျတဲ့လူ စွဲလန်းတဲ့လူတွေလည်း အများအပြားရှိကြပါတယ်။ သင်က ဒီရာသီခွင် (၃) ခုထဲ ပါနေမလား ကြည့်ကြည့်လိုက်ပါဦး။

၁။ Scorpio (October 23 – November 21)


Scorpio တွေရဲ့ ဆွဲဆောင်မှုက ကြောက်လန့်စရာပါ။ သင့်ကို စပြီး နှုတ်ဆက်လိုက်ပြီဆိုကတည်းက သင့်အတွေးအားလုံးကို သူပိုင်သွားပါပြီ။ သိုဝှက်တတ်သူတွေဖြစ်ပြီး သူတို့က စိတ်ဝင်စားဖို့ကောင်းသူတွေဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ အချစ်ကိုလည်း ဆွဲဆောင်မှုရှိရှိ ထုတ်ဖော်ပြတတ်ပါတယ်။

၂။ Sagittarius (November 22 – December 21)


စကားပြောရာမှာ ပါးနပ်သူတွေက Sagittarius ရာသီဖွားတွေပါပဲ။ သူတို့ဆီက ထွက်တဲ့စကားတိုင်းက ကြူတယ်လို့ မရည်ရွယ်ဘဲ ကြူတဲ့ပုံစံမျိုးတွေ ဖြစ်နေတတ်ပါတယ်။ Sagittarius ရာသီဖွားတွေနဲ့ ပေါင်းသင်းရတာက ပေါ့ပေါ့ပါးပါးရှိပြီး ပျော်ဖို့ကောင်းပါတယ်။

၃။ Pisces (February 19 – March 20)


Pisces ရာသီဖွားတွေက တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားပြီး စိတ်ကူးယဉ်ဆန်သူတွေဖြစ်ပါတယ်။ သင်က Pisces ရာသီဖွားနဲ့ ရင်းနှီးသူဆိုရင် သူတို့နားမှာပဲ အမြဲနေချင်နေတတ်ပါတယ်။ Pisces တွေက နွေးထွေးပြီး ကြင်နာတတ်သူတွေဖြစ်ပါတယ်။ သူတို့ချစ်ရသူတွေကိုလည်း အမြဲစိတ်ချမ်းသာအောင် ထားတတ်ပါတယ်။

သင်က ဒီရာသီခွင် (၃) ခုထဲပါတယ်ဆိုရင်တော့ Comment ပေးခဲ့ပါနော်။

Photo Source: Pinterest

By MyStyle Myanmar