စိုပြေပြီး ချောမွေ့တဲ့ အသားအရေကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ချောမွေ့ပြီး ဝင်းမွတ်နေတဲ့ အသားအရေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဆိုရင် ပျိုမေတို့ အချင်းချင်း အားကျကြလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ရိုးရှင်းပြီး လိုက်လုပ်ရ လွယ်ကူတဲ့ Glow Skin လျို့ဝှက်ချက်တွေကို ဖော်ပြပါရစေ။ ဒီနည်းလမ်း သုံးမျိုးကို နေ့တိုင်း ပုံမှန်လုပ်မယ်ဆိုရင် အချိန်တိုအတွင်း Glow Skin ကို ပိုင်ဆိုင်လာမှာ မလွဲမသွေပါပဲ။ နည်းလမ်းသုံးမျိုးလုံးက လွယ်ကူပြီး လိုက်လုပ်ရလွယ်တာမို့ ပျိုမေတို့အားလုံးအတွက် အသုံးဝင်မှာပါ။

၁။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာသစ်ပါ

အိပ်ရာဝင်တဲ့အချိန်တိုင်း မျက်နှာသစ်ပေးတဲ့အခါ ဆဲလ်သေတွေ ပါသွားစေပြီး တစ်နေ့လုံးစာ ဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရာ ရောက်ပါတယ်။ မျက်နှာသစ်ဆေးကို Mild Cleanser ခပ်ပျော့ပျော့လေး သုံးသင့်ပါတယ်။ မျက်နှာသစ် Brush သုံးပြီး မျက်နှာသစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Cleansing Brush တွေက သင့်မျက်နှာကို လက်သုံးပြီး သန့်စင်တာထက် သုံးဆ ပိုသန့်စင်စေလို့ပါ။ Cleansing Brush သုံးတဲ့အခါ စက်ဝိုင်းပုံစံ မျက်နှာကို ပွတ်ပေးရပါမယ်။

၂။ တစ်ပတ်တစ်ခါ  Sheet Mask သုံးပါ

Sheet Mask တွေက သင့်မျက်နှာအသားအရေကို စိုပြေတောက်ပစေပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။ ပျိုမေတို့အနေနဲ့ တစ်ပတ်မှာ တစ်ခါ မဖြစ်မနေ Sheet Mask သုံးပေးရပါမယ်။ Sheet Mask တွေက တစ်ပတ်လုံးစာ နွမ်းနယ်နေတဲ့ သင့်အသားအရေကို ပြန်လည် ကုသပေးနိုင်ပြီး အာဟာရ ဖြည့်ပေးနိုင်ပါတယ်။

၃။ Gua Sha နဲ့ မျက်နှာကို နှိပ်နယ်ပေးပါ

Gua Sha ဆိုတာက မျက်နှာအသားအရေကို နှိပ်နယ်ပေးဖို့ ရည်ရွယ်ထားတဲ့ တရုတ်တိုင်းရင်း ပစ္စည်းတစ်မျိုးပါ။ Gua Sha နဲ့ မျက်နှာကို ပုံမှန် နှိပ်နယ်ပေးသင့်ပါတယ်။ မျက်နှာမှာရှိတဲ့ ကြွက်သားတင်းအားတွေကို ဖြေလျော့ပေးဖို့ရာ Gua Sha ကို လိုအပ်ပါတယ်။ Gua Sha က မျက်နှာသွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကို တင်းရင်းစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar