ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေပြုလုပ်တဲ့အခါ အများစုလုပ်တတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။ ဒါကတော့ ရေမချိုးခင် ရေချိုးခန်းထဲမှာ လေ့ကျင့်ခန်းပြုလုပ်တာပဲဖြစ်ပါတယ်။ ဒါဟာလုံးဝရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။

တခြားလူတွေသိမှာစိုးခြင်း

ကိုယ်လေ့ကျင့်ခန်းပြုလုပ်တာကို တခြားလူတွေမမြင်စေချင်တဲ့ စိတ်ခံစားချက်မျိုး လူတချို့မှာရှိတတ်ပါတယ်။ လှောင်ရယ်ခံရမှာကိုမလိုလားကြလို့ပါပဲ။ ဘယ်သူမှမမြင်နိုင်တဲ့ ရေချိုးခန်းထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ စဉ်းစားတတ်ကြပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးရေတန်းချိုးခြင်း

လူတချို့က ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်အပြီးမှာ ရေတန်းချိုးတတ်ကြပါတယ်။ အဲ့အတွက်ကြောင့် လေ့ကျင့်ခန်းပြုလုပ်ဖို့ ရေချိုးခန်း ကိုရွေးကြတာပဲဖြစ်ပါတယ်။

ဘာလို့ ရေချိုးခန်းမှာလေ့ကျင့်ခန်းမလုပ်သင့်သလဲ

ရေချိုးခန်းထဲမှာလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ မှားယွင်းတဲ့အပြုအမူတစ်ခုပါပဲ။ ရေချိုးခန်းဆိုတဲ့အတိုင်း ကြမ်းပြင်မှာရေတွေရှိနိုင်ပါတယ်။အခန့်မသင့်လျင် ရေညှိတွေလည်းရှိနေနိုင်ပါတယ်။ ဒီလိုနေရာမျိုးမှာခန္ဓာကိုယ်ကို လှုပ်ရှားပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် မတော်တဆချော်လဲသွားနိုင်ပြီး ခါးနာတာ၊အရိုးကျိုးတာတွေအပြင် တခြားထိခိုက်ဒဏ်ရာတွေမျိုးစုံ ရရှိခံစားရနိုင်ပါတယ်။