တစ်ပတ်တစ်ပတ် လုပ်စရာအလုပ်တွေ ပြတ်သွားတယ်မရှိဘဲ အလုပ်ပုံတွေထဲမှာ လည်နေတဲ့သူတွေ အများကြီး ရှိပါလိမ့်မယ်။ အလုပ်တွေ ဘာကြောင့် မပြီးရသလဲလို့ အကြောင်းရင်းရှာခိုင်းမယ်ဆိုရင် တစီတသန်းကြီး ထွက်လာပါလိမ့်မယ်။ ဘယ်လိုပဲ ထွက်လာထွက်လာ တကယ်ဖြစ်တတ်တဲ့ အကြောင်းရင်းအနေနဲ့ ၃ ခုတည်းနဲ့ ခြုံပြီး ပြောနိုင်ပါတယ်။

(၁) ကြိုပြီး အစီအစဉ် မဆွဲခဲ့လို့

Photo: TheSelfEmployed.com

နောက်တစ်ပတ်လုပ်မယ့်အစီအစဉ်ကို သောကြာနေ့မှာ ထိုင်ပြီး Plan မဆွဲထားရင် အလုပ်ပြီးမြောက်မှုမှာ ပြဿနာရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ တစ်ပတ်စာ ပြက္ခဒိန်အတွက် အချိန်ဆွဲရာမှာ ကိုယ့်အတွက် အားလပ်တဲ့အချိန်ကိုလည်း အနည်းဆုံးတစ်နေရာရဲ့ ၁၀% လောက် ပါအောင် ချန်ထားပေးဖို့ လိုပါတယ်။

(၂) အတားအဆီးတွေကို အဝင်ခံလို့

Photo: IPSE

အလုပ်ပြီးမြောက်ဖို့ စိတ်ရှင်းလူရှင်း ဖြစ်နေဖို့လည်း လိုပါတယ်။ အလုပ်ကတော့ လုပ်ပါရဲ့။ စိတ်ထဲမှာ သောကတွေ ၊ စိုးရိမ်စရာတွေနဲ့ စိတ်ရှုပ်စရာတွေ ရှိနေရင်လည်း အလုပ်ပြီးမြောက်ဖို့ မလွယ်ပါဘူး။ အလုပ်ပြီးမြောက်ဖို့ တချို့ဟာတွေကို Break ထားပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု အပြည့်ရှိသူ အဖို့တော့ အလုပ်လုပ်ရတာဟာ အင်ဂျင်အသစ်နဲ့ အကောင်းစားကား မောင်းနေရသလိုပဲ ခံစားရမှာပါ။

(၃) မငြင်းတတ်လို့

Photo: Jornal Empresas & Negócios

တချို့သူတွေ အားနာလို့ အလုပ်ဝန်ပိပြီး ကိုယ့်အလုပ်ကိုယ် အပြီးမသတ်နိုင်တာတွေ ရှိပါတယ်။ ရုံးမှာ ကိုယ့်ကို နိုင်စားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ငြင်းရမှာ အားနာမိတာကြောင့် သူများတွေ ရုံးဆင်းလို့ ကိုယ်မဆင်းနိုင် ၊ Deadline ကပ်နေတဲ့အထိ အဆင်သင့်မဖြစ်နိုင်ဆိုတာတွေ ကြုံမိတတ် ပါတယ်။ ဒီတော့ အလုပ်ပြီးအောင် ဘယ်လို လုပ်သင့်သလဲလို့ မေးလာရင်တော့ အရင်ဆုံး Plan နဲ့ လုပ်ပါ။ အလုပ်ကို အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေ အဝင်မခံပါနဲ့။ ဘယ်အချိန်မှာ ငြင်းရမလဲ သိပါစေလို့ပဲ အကြံပေးချင်ပါတယ်။