မင်္ဂလာပါနော်။ ရှည်လျားပြီး ထူထဲတဲ့ မျက်တောင်မွှေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ မျက်တောင်မွှေးထူထူ ရဖို့အတွက် ညအိပ်ယာမဝင်ခင် ဒီနည်းလမ်းကောင်းလေးတွေကို လုပ်ဆောင်ပေးရုံနဲ့ လှပတဲ့မျက်တောင်မွှေးကို ပိုင်ဆိုင်နိုင်ပါပြီနော်။

၁။ မျက်လုံးကို သေချာသန့်စင်ပါ

Eyeshadow တွေ၊ Mascara တွေ၊ Liner တွေကို သေချာလေး သန့်စင်ပေးပါ။ အပြင်က ပြန်လာတာနဲ့ အကုန်လုံး စင်နေအောင် သုတ်ပေးလိုက်ပြီး မျက်နှာသေချာသစ်ပေးပါ။

၂။ အုန်းဆီနဲ့ ဗီတာမင် E အဆီ

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ဗီတာမင် E အဆီကို ဆတူ ရောလိုက်ပါ။ ပြီးသွားရင် သင့်ရဲ့မျက်တောင်မွှေးမှာ ခပ်ဖွဖွလေး လိမ်းပေးလိုက်ပြီး အိပ်ယာဝင်ပါ။

ဗီတာမင် E က သင့်ရဲ့ မျက်တောင်မွှေးကို ထူလာစေမှာဖြစ်သလို အုန်းဆီက မျက်တောင်မွှေးကို ပိုပြီးရှည်လာစေမှာဖြစ်ပါတယ်။

၃။ သံလွင်ဆီ

သံလွင်ဆီကို လိုအပ်သလောက်ယူပြီး မျက်တောင်မွှေးမှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မျက်လုံးကို မိနစ်အနည်းငယ်လောက် ခပ်ဖွဖွလေး နှိပ်နယ်ပေးလိုက်ပြီး အိပ်ယာဝင်ပါ။ မျက်တောင်မွှေးကို ထူစေပြီး ရှည်လျားလာစေမှာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက ၁ နဲ့ ၂ သော်လည်းကောင်း၊ ၁ နဲ့ ၃ သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။