အဝတ်အစားဟာ သင့်အပေါ် အများရဲ့ အထင်အမြင် ပြောင်းပေးနိုင်ပါတယ်။ အခုပြောမယ့် အမျိုးသားဝတ် ဖက်ရှင်စတိုင်တွေဆို မိန်းကလေးတွေက မငြင်းနိုင်အောင် သဘောကျကြပါတယ်။ ဒီ Outfits စတိုင်တွေဟာ ဒီနှစ်အတွက် သင့်ကိုယ်ပေါ်မှာ ဝတ်ဆင်မယ့် ဖက်ရှင်စာရင်းမှာ ထိပ်ဆုံးက ထားသင့်တဲ့ စတိုင်တွေပါပဲ။

(၁) Casual

Photo: Ape To Gentleman

သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ရတဲ့ ဖက်ရှင်ဟာ သင့်ကို လွတ်လပ်သွားစေပါတယ်။ ရိုးရှင်းတဲ့ Casual စတိုင်ထဲက တီရှပ်အဖြူ နက်ပြာရင့်ရောင် Bomber ဂျာကင် ၊ Jeans အနက် နဲ့ Sneaker အဖြူအတွဲက စံပါပဲ။ ရာသီဥတု ပူတယ်ဆိုရင် ဂျာကင်လေး ချွတ်ထားလိုက်ရုံပါပဲ။

(၂) Elevated Casual

Photo: misskymmiee

သာမန် Casual ထက် နည်းနည်း ပိုသပ်ရပ်ပြီး ရုံးတက်/ပွဲသွားလုပ်နိုင်တဲ့ ဖက်ရှင်ပါ။ အရမ်းကြီး Casual မဆန်လို့ လူလတ်ပိုင်းအရွယ်တွေနဲ့ ပိုလိုက်တယ်လို့ ဆိုင်ပါတယ်။ ဘောင်းဘီကို Jeans သားထက် Chino Pant ပြောင်းထားပြီး Loafer ဖိနပ်မျိုး စီးလိုက်တာ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ပိုလိုရှပ်ဖြစ်ဖြစ် ဝတ်လိုက်ရင် အတော်ကြီး ဟုတ်သွားပါပြီ။

(၃) Smart Casual

Photo: Westland

ဒီဝတ်စုံကတော့ ကိုယ့်ရဲ့ Rank တစ်ခုကို ဖော်ပြ သလိုမျိုး ဖြစ်စေနိုင်ပါတယ်။ Formal ကျကျ ဝတ်တာလိုမျိုးလည်း စိတ်အိုက်စရာ မလိုပါဘူး။ ဒါပေမယ့်လည်း ကြည့်လိုက်ရင် သပ်ရပ်ပြီး စမတ်ကျနေတဲ့ Casual စတိုင်ပါ။ များသောအားဖြင့် ရှပ်လက်ရှည်နဲ့ Chino Pants/Jeans အနက်အပျော့သားကို လယ်သာရှုးနဲ့ တွဲဝတ်ကြပါတယ်။အခုပြောခဲ့တဲ့ ဖက်ရှင် ၃ မျိုးဟာ ၂၀၂၀ မှာ လူကြိုက်များကြပြီး မိန်းက‌လေးတွေ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတဲ့ Outfit စတိုင်တွေလည်း ဖြစ်ပါတယ်။