အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဖြောင့်စင်းပြီး နူးညံ့လှပတဲ့ ဆံကေသာလေး ပိုင်ဆိုင်ချင်တဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းလေးတွေက ဆံပင်ဖြောင့်စက်လည်း အသုံးပြုစရာမလိုသလို ဓာတုဆိုးဆေးတွေလည်း အသုံးပြုစရာမလိုတဲ့အတွက်ကြောင့် ဆံသားပျက်စီးမှာ ပူပန်နေဖို့မလိုပါဘူး။ ဒါ့အပြင် အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ ပျိုမေလေးတွေလည်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

နည်းလမ်း ၁

သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ အုန်းရည် အနည်းငယ် (မိမိဆံကေသာ အတိုအရှည်ပေါ် မူတည်ပြီး အနည်းအများကို ချိန်ရပါမယ်) တို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းများကို ရောလိုက်ပြီး ရေခဲသေတ္တာထဲမှာ တစ်ည အအေးခံရပါမယ်။ မနက်ရောက်တဲ့အခါ ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ခန့် ကြာတဲ့အခါ ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်အသုံးပြုပြီး ရေအေးအေးလေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ဒီပေါင်းတင်နည်းလေးကို တစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

နည်းလမ်း ၂

စပရေးဘူးတစ်ဘူးနဲ့ နွားနို့ အနည်းငယ် လိုအပ်ပါမယ်။ စပရေးဘူးထဲသို့ နွားနို့တွေထည့်လိုက်ပြီး ဆံပင်ကို ဖြန်းပေးလိုက်ပါ။ ဆံပင်အနှံ့ နွားနို့တွေ စိုစွတ်သွားပြီဆိုရင် မိနစ် ၃၀ ခန့် စောင့်လိုက်ပါ။ ပြီးမှ ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်လေးတွေ ဖြောင့်စင်းလာပါလိမ့်မယ်။

နည်းလမ်း ၃

လိုအပ်မယ့် ပစ္စည်းတွေကတော့ ကြက်ဥ ၂ လုံးနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ပဲဖြစ်ပါတယ်။ ကြက်ဥများကို သေချာ မွှေခလောက်ပြီးနောက် သံလွင်ဆီနဲ့ ထပ်မွှေပေးလိုက်ပါ။ ပြီးရင် ဆံပင်အနှံ့သုတ်လိမ်းပေးပါ။ တစ်နာရီပြည့်ပြီဆိုတာနဲ့ ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်တစ်မျိုးအသုံးပြုပြီး ရေအေးအေးလေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ် တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးလိုက်ပါ။

နည်းလမ်း ၄

ပါဝင်ပစ္စည်းတွေကတော့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ နွားနို့ ဖန်ခွက် လေးပုံတစ်ပုံခန့် လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောနှောပြီးတဲ့နောက် တစ်ခေါင်းလုံးနှံ့အောင် လိမ်းလိုက်ပါ။ ၂ နာရီပြည့်မှ ရေအေးအေးလေးနဲ့ ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်တစ်မျိုးအသုံးပြုပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ကြိမ်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဆံနွယ်လေးတွေ သဘာဝအတိုင်းဖြောင့်စင်းလာပါလမ့်မယ်။

Source: Stylecraze.com