ဗောက်ထတာက တော်တော်များများကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ ဆောင်းတွင်းရောက်ပြီဆိုရင် ဗောက်ထတာ ပိုအဖြစ်များပါတယ်။ ဒီလိုဗောက်ထလာပြီဆိုရင် မြန်မြန်ပျောက်အောင် အိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ကုသလို့ရပါတယ်။ ဒါကြောင့် ပိုက်ဆံအကုန်အကျလည်း သက်သာပြီး ထိရောက်တဲ့နည်းလမ်းနဲ့ ကုသလို့ရအောင် ဓာတုပစ္စည်းတွေမပါပဲ သဘာဝအတိုင်း ဗောက်တွေပျောက်သွားအောင် လုပ်ပေးနိုင်မယ့် နည်လမ်းကောင်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။

လိမ္မော်သီးအခွံနဲ့သံပယိုရည်

လိမ္မော်သီးအခွံနည်းနည်းနဲ့ သံပယိုရည်နည်းနည်းကို ကြိတ်စက်ထဲထည့်ပြီး ရောကြိတ်ပါ။ ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပေးပါ။ ကြိတ်ပြီးရလာတာကိုမှ လက်နဲ့ယူပြီး ဦးရေပြားမှာ သေချာနှံ့အောင် နှိပ်နယ်ပြီး လိမ်းထားပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ရေဆေးချပြီး Shampoo နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ငှက်ပျောသီးနဲ့ apple cider vinegar

ငှက်ပျောသီးတစ်လုံးကို အခွံဖယ်ထုတ်ပြီး ပန်းကန်လုံးထဲထည့်ပါ။ apple cider vinegar ကို ခွက် ၂ ခွက်စာလောက်ယူပြီး ထည့်ပါ။ ပြီးရင်တော့ အဲ့ ၂ မျိုးကို ရောချေပြီး သမအောင်နယ်ပေးပါ။ ရလာတာကိုမှ Brush နဲ့ယူပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေးပါ။ ပိုတာတွေကို ဆံပင်ပါ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ ဆေးချပြီး ပုံမှန်လျှော်နေကျ Shampoo နဲ့ လျှော်လိုက်ရုံပါပဲ။

အုန်းဆီနဲ့သံပယိုရည်

အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ဆတူရောပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ။ မွှေပေးပါ။ ခဏလောက်အပူပေးပြီးရင်တော့ အအေးခံပြီး ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။
အခုပြောပြပေးလိုက်တဲ့ နည်းလမ်း ၃ မျိုးထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာနည်းလမ်းကို ရွေးလုပ်လို့ရပါတယ်။

Source: www.brightside.me