ဆံပင်ပါးတဲ့သူတွေအတွက် ဆံပင်အုံထူလာစေမယ့် သဘာဝပေါင်းတင်နည်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအလွယ်တကူလုပ်လို့ရမယ့် ပေါင်းတင်နည်းတွေဖြစ်တာကြောင့် တစ်ပတ်တစ်ကြိမ်သာ ကိုယ်အဆင်ပြေတဲ့နည်းနဲ့ ပုံမှန်ပေါင်းတင်ပေးသွားပါ။ ဖြေးဖြေးချင်းစီ ဆံပင်သန်ပြီး အုံထူလာမှာပါ။

ပျားရည်နဲ့သံလွင်ဆီ

ပျားရည် – ခွက်တစ်ဝက်စာနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းကို ရောမွှေပြီး Microwave ထဲ မိနစ် ၂၀ ထည့်ပါ။ အချိန်ပြည့်ရင် ထုတ်ပြီးအအေးခံထားပါ။ အေးသွားပြီဆိုရင် မွှေပေးပါ။ ပြီးရင်တော့ ဆံသားနဲ့ဦးရေပြားကို နှိပ်နယ်ပြီး လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီပေါင်းတင်နည်းက ဆံပင်အုံထူစေတဲ့အပြင် ဆံသားလည်း တောက်ပြောင်စေပါတယ်။

ရှားစောင်းလက်ပတ်နဲ့သံလွင်ဆီ

ရှားစောင်းလက်ပတ်အတွင်းသား Gel ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာယူပြီး ချေပေးပါ။ ပြီးရင် သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ ဆံသားမှာ သေချာသုတ်လိမ်းပြီး မိနစ် ၃၀ ထားကာ ခေါင်းလျှော်ပေးပါ။

ဒီပေါင်းတင်နည်းက ဆံပင်အုံထူစေရုံတင်မဟုတ်ပဲ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

ငှက်ပျောသီးနဲ့အုန်းဆီ

ငှက်ပျောသီး တစ်လုံးကို သေးသေးလေးတွေလှီးပြီး ချေပေးပါ။ ပြီးရင်တော့ အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောမွှေပြီး ဆံပင်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ခေါင်းလျှောက်လို့ရပါပြီ။

ဒီပေါင်းတင်နည်းက ဆံပင်အုံထူစေတဲ့အပြင် ဆံသားလည်း နူးညံ့ပျော့ပြောင်းလာစေပါတယ်။