တင်ပါးမဲတာက လူတိုင်းနီးပါးပါပဲ။ သေချာဂရုတစိုက်နဲ့လုပ်ပေးရင်တော့ မဲနေတာတွေ သက်သာပြီး အသားအရောင်ညီလာမယ်၊ ဖြူလာပါမယ်။ ဒါကြောင့် တင်ပါးမဲလို့ ဖြူချင်နေတဲ့သူတွေအတွက် တင်ပါးမဲတာကို ဖြေးဖြေးချင်းစီ ဖြူလာအောင်လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။

နည်းလမ်း ၁

လိမ္မော်သီးအခွံကို အခြောက်ခံပြီး ခြောက်သွားရင် အမှုန့်ဖြစ်အောင် ထောင်းပေးပါ။ ရလာတဲ့ လိမ္မော်ခွံအမှုန့်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာယူပြီး သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နွားနို့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့နဲ့ ရောမွှေပေးပါ။

မွှေပြီးရင် တင်ပါးမဲနေတဲ့နေရာတွေကို သေချာနှံ့အောင်ပွတ်လိမ်းပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ဆေးချပြီး cream or lotion လိမ်းပေးပါ။

ဒီနည်းလမ်းကို ၂ ရက်ခြားတစ်ခါ၊ ၃ ရက်ခြားတစ်ခါလောက် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ ဖြေးဖြေးချင်းစီ သိသာလာမှာပါ။

နည်းလမ်း ၂

အာလူးကို အခွံခွာ ခြစ်ချပြီး အရည်ရအောင်ညှစ်ပါ။ ရလာတဲ့ အာလူးအရည်ကိုမှ စားပွဲတင်ဇွန်း ၄ ဇွန်းစာယူပြီး သကြားညို – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။

မွှေပြီးရလာတာကိုမှ လက်နဲ့ယူပြီး တင်ပါးတစ်ဝိုက်ကို သေချာပွတ်လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ဆေးချပေးပါ။

ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်နေ့ကို ၃ ကြိမ် လုပ်ပေးရမှာဖြစ်ပါတယ်။ နေ့တိုင်း တစ်နေ့ ၃ ကြိမ် လုပ်ရမှာပါ။ တစ်လလောက်ဆိုရင်တော့ သိသာတဲ့ result ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

နည်းလမ်း ၃

ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးဖြစ်မှာပါ။ Vitamin E Oil ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက်သုံးပြီး တင်ပါးနှစ်ဖက်ကို သေချာနှံ့အောင် လိမ်းပေးရမှာဖြစ်ပါတယ်။ လိမ်းပြီးရင် မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေခဲရေနဲ့ပြန်သန့်စင်ပေးပါ။

ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပါတယ်။ နေ့တိုင်းလုပ်ပေးမှ သိသာတဲ့ result ကို မြင်တွေ့ရမှာပါ။