မျက်နှာအသားအရေကောင်းဖို့ဆိုတာ ရေဓာတ်ပြည့်နေဖို့ လိုပါတယ်။ ရေဓာတ်ပြည့်တဲ့ Skin ကမှ အသားအရေလှတာပါ။ ပူအိုက်တဲ့အချိန်တွေမှာဆိုရင် ပိုပြီးတော့တောင်လိုပါသေးတယ်။ ဒါကြောင့် ပျိုမေတို့အတွက် ရေဓာတ်ပြည့်ပြီး မျက်နှာလေးအေးနေစေမယ့် သဘာဝမျက်နှာပေါင်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

သင်္ဘောသီးနဲ့ပေါင်းတင်နည်း

သင်္ဘောသီးကို ကြေညက်နေအောင်ချေပြီး မျက်နှာမှာလိမ်းထားပါ။ ၁၅ မိနစ်ထားပြီမှ ရေဆေးချလိုက်ပါ။ သင်္ဘောသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး Anti aging တွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ရေဓာတ်အပြည့်အဝပေးနိုင်ပြီး မျက်နှာအသားအရေလည်း အေးစေပါတယ်။

သခွားသီး၊ Oats နဲ့ မျက်နှာပေါင်းတင်နည်း

သခွားသီးကိုအရည်ရအောင်ကြိတ်ပြီး ရလာတဲ့အရည်ကိုမှ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာယူပြီး Oats – လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာမှာလိမ်းထားလိုက်ပါ။ လိမ်းထားတာ ခြောက်သွားပြီဆိုမှ ရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းကတော့ မျက်နှာအသားအရေကို ချောမွတ်စေပြီး အသားအေးစေတယ်။ အသားခြောက်တဲ့သူတွေအတွက်လည်း အရမ်းကောင်းတဲ့ ပေါင်းတင်နည်းလေးပါ။

ရှားစောင်းလက်ပတ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာယူပြီး ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေကာ မျက်နှာမှာလိမ်းထားပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီပေါင်းတင်နည်းကတော့ နေလောင်ထားတဲ့ အသားအရေကို သက်သာသွားစေတယ်။ မျက်နှာမှာရှိတဲ့ အမဲစက်တွေ သက်သာလာစေတယ်။ အသားအရေချောမွတ်ပြီး အသားအေးစေပါတယ်။