ကိုယ့်ဆံကေသာနဲ့ပတ်သက်ပြီး တော်တော်များများလုပ်မိနေတဲ့ အမှားတွေရှိပါတယ်။ ဒီလိုအမှားတချို့ကြောင့် ကိုယ့်ဆံကေသာ ပျက်စီးစေပါတယ်။ ဒါကြောင့် ကိုယ့်ကြောင့် တန်ဖိုးထားရတဲ့ဆံသားလေးတွေ မပျက်စီးစေဖို့ နောက်လည်းဆင်ခြင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။
ဆံပင်ကို ခဏခဏ စုစည်းထားတာမျိုး၊ အမြဲစည်းထားတာမျိုး မလုပ်ပါနဲ့။ ဆံပင်ကို အမြဲတမ်း တင်းကျပ်နေအောင် စုစည်းထားရင် ဆံသားတွေ သိမ်ပြီး ခေါက်ရိုးကျိုးသလိုကြီး ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် ဆံပင်လည်းပိုကျွတ်လာတာမျိုး ဖြစ်တတ်ပါတယ်။
Photo Source: www.hairromance.com
ခေါင်းလျှော်ပြီးရင် ဆံပင်ရေမခြောက်သေးပဲ စိုနေတဲ့အချိန်မှာ ခေါင်းမဖြီးပါနဲ့။ ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးရင် ဆံပင်တွေ အထွေးလိုက် ကျွတ်လာပါလိမ့်မယ်။ အရင်ဆုံး ဆံပင်ကို ခြောက်အောင်လုပ်ပါ။ ပြီးမှ ဖြေးဖြေးချင်းစီ ဖြီးပါ။ ကြမ်းကြမ်းတမ်းတမ်းတွေ ကိုင်တွယ်ပြီးဖြီးရင် ကိုယ့်ဆံသားပဲပိုနာပါတယ်။ ဆံပင်လည်း ပိုကျွတ်ပါတယ်။
Photo Source: www.bustle.com
ခေါင်းလျှော်ရင် Shampoo တစ်မျိုးထဲမသုံးပါနဲ့။ Shampoo သုံးပြီး နောက်ကနေ ပေါင်းဆေးလေးပါ ထပ်သုံးပေးပါ။ ဒါမှ ဆံသားနှစ်ခွဖြစ်တာတွေ လျော့လာမယ်။ ဆံပင်ရှုပ်ထွေးတာမျိုးတွေ၊ ဖွာတာမျိုးတွေ မဖြစ်တော့မှာပါ။