မင်္ဂလာပါနော်။ မျက်ခုံးမွှေးဆွဲရာမှာ ကိုယ်က လှတယ်လို့ထင်ရပေမယ့် သဘာဝမကျဘဲ သင့်ကို ကြည့်ရတာအဆင်မပြေစေတဲ့ အမှားတွေရှိပါတယ်။

တခါတလေ သင်သတိမထားမိဘဲ ပြုလုပ်မိတဲ့ အမှားကြီး (၃) ခုကို ဖော်ပြပေးချင်ပါတယ်။

ဒီအမှားတွေကဘာတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်နော်။

၁။ မျက်ခုံးမွှေးကို ထူထူပိတ်ပိတ်ဆွဲခြင်း

မျက်ခုံးမွှေးဆွဲရာမှာ သင့်မျက်ခုံးမွှေးအလယ်ကနေ အနောက်ဖက်ကို ခပ်ဖွဖွလေးအရင်ဆွဲပေးပါ။ ပြီးရင် မျက်ခုံးမွှေး ခြစ်တဲ့ Brush နဲ့ မျက်ခုံးမွှေးအစပိုင်းကို အပေါ်လေးထောင်သွားအောင် ခပ်ဖွဖွလေး ခြစ်ပေးလိုက်ပါ။

ပြီးရင်တော့ အဲဒီမျက်ခုံးမွှေးတစ်ခုလေးကို ခပ်ဖွဖွလေး ဆွဲပေးပါ။

၂။ မျက်ခုံးမွှေးအစပိုင်းကို တုံးတိကြီးဆွဲခြင်း

မျက်ခုံးမွှေးဆွဲရာမှာ မျက်ခုံးမွှေး အစပိုင်းကို အတုံးအတိဖြစ်အောင် ဆွဲတာမျိုးမလုပ်သင့်ပါဘူး။ အဲဒီအစား မျက်ခုံးမွှေးဆွဲတံရဲ့ အနောက်မှာပါတဲ့ Brush နဲ့ မျက်ခုံးမွှေးအစကို သူ့မျက်ခုံးမွှေးလမ်းကြောင်းအတိုင်း ခပ်ထောင်ထောင်လေးဖြစ်အောင် ခြစ်ပေးပါ။

၃။ မျက်ခုံးမွှေးဆွဲပြီးရင် Brush နဲ့ သေချာလေး ပြန်မခြစ်ပေးခြင်း

မျက်ခုံးမွှေးအကုန်လုံးဆွဲပြီးရင်လည်း အပေါ်ကနေ ခပ်ဖွဖွလေး ခြစ်ပေးလိုက်ပါနော်။ အဲဒီလို ခပ်ဖွဖွလေး ပြန်ခြစ်ပေးတာဟာ သင့်မျက်ခုံးမွှေးကို သဘာဝအတိုင်း လှပစေမှာဖြစ်ပါတယ်။