ဆယ်ကျော်သက်လေးတွေက Sincare လိမ်းချင်တယ်၊ Skincare လုပ်ချင်တယ်ဆိုရင် ဘာမှအများကြီးလုပ်စရာမလိုပါဘူး။ အဓိကလိုအပ်တာ၊ အရေးကြီးတာကိုပဲ လုပ်ပေးပါ။ အကုန်လျှောက်သုံးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ နုနယ်တဲ့အသားအရေလည်း ထိခိုက်ပျက်စီးမယ်၊ ငွေလည်းအပိုကုန်ပါမယ်။ ဒါကြောင့် ငွေကုန်ကြေးကျ သက်သာပြီး ကိုယ့်အသားအရေအတွက်လည်း တကယ်လိုအပ်တာကိုပဲ သုံးပေးပါ။ ဆယ်ကျော်သက် ကောင်မလေးတွေအတွက် အဓိကလိမ်းပေးဖို့လိုတဲ့ Skincare အဆင့်က ၃ မျိုးပဲရှိပါတယ်။

Cleanser

မျက်နှာသစ်ဆေးကတော့ လိုပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုဖယ်ရှားဖို့ အရမ်းမပြင်းတဲ့၊ မျက်နှာသစ်ပြီးရင် အသားခြောက်မသွားစေတဲ့ Cleanser မျက်နှာသစ်ဆေးကို သုံးပေးပါ။ မိတ်ကပ်မလိမ်းတဲ့အတွက် Makeup Remover တွေ၊ Double Cleansing တွေ မလိုပါဘူး။ ဒါကြောင့် မိတ်ကပ်မလိမ်းတာ အကောင်းဆုံးပါ။

Moisturizer

ဆယ်ကျော်သက်အသားအရေမှာ Toner အဆင့်ကို ကျော်လိုက်လို့ရပါတယ်။ အဓိက မျက်နှာသစ်ပြီးရင် လိုအပ်တာက Moisturizer ပါပဲ။ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Moisturizer ကောင်းကောင်းတစ်ခုကိုသာ ရွေးသုံးပါ။

Sunscreen

Sunscreen ကို ဆယ်ကျော်သက်အရွယ်ထဲက လိမ်းပေးတာ အသားအရေအတွက် အကောင်းဆုံးပါ။ ညပိုင်းဆိုရင်တော့ မျက်နှာသစ်ပြီး Moisturizer လိမ်းလိုက်ရင် ရပါပြီ။ မနက်ပိုင်း၊ နေ့လည်ပိုင်းဆိုရင်တော့ နေရောင်ခြည်ကိုကာကွယ်ဖို့ Sunscreen ထပ်လိမ်းပေးရပါမယ်။

Skincare လုပ်မယ်ဆိုရင် ဒီ ၃ မျိုးကိုပဲလုပ်ပေးရင်တောင် ဆယ်ကျော်သက်အရွယ်မှာထဲက အသားအရေက ကောင်းနေမှာပါ။ Healthy Skin လေးဖြစ်နေမှာပါ။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အများကြီးလျှောက်မလုပ်ပဲ ဒီ ၃ မျိုးကိုသာ နေ့တိုင်းလုပ်ပေးပါလို့ အကြံပေးချင်ပါတယ်။