အကြောပြတ်ရာရှိတာက ရှက်စရာမဟုတ်ပါဘူး။ ဒါပေမယ့် အကြောပြတ်ရာရှိတာကို မကြိုက်ဘူး၊ ပျောက်ချင်တယ်ဆိုတဲ့သူတွေအတွက် အကြောပြတ်ရာတွေကို သက်သာအောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းဖြစ်နည်းလမ်းကောင်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်ကြေးကျလည်းသက်သာပြီး ဘေးဥပါဒ်လည်းမဖြစ်စေတဲ့အတွက် try ကြည့်သင့်ပါတယ်။

အာလူး

အကြောပြတ်ရာတွေသက်သာအောင် အာလူးကိုသုံးပေးနိုင်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ အရင်ဆုံး ကိုယ့် Skin ကို သန့်စင်အောင် အရင်လုပ်ထားပေးပါ။ ပြီးမှ အာလူးကို အချပ်လေးတွေလှီးပြီး အကြောပြတ်ရာတွေပေါ် ပွတ်ပေးပါ။ အချိန်နည်းနည်းကြာအောင်ပွတ်ပြီးရင် ခြောက်အောင်ထားလိုက်ပါ။ ခြောက်သွားမှ ရေနဲ့ဆေးချလိုက်ရုံပါပဲ။

ကော်ဖီ

ကော်ဖီကလည်း အကြောပြတ်ရာတွေသက်သာစေဖို့ ကူညီပေးနိုင်တဲ့အရာတစ်ခုပါပဲ။

လုပ်ရမယ့်နည်းလမ်းကတော့ အုန်းဆီကို အရင်အပူပေးရပါမယ်။ ပူသွားပြီဆိုမှ စားပွဲတင်ဇွန်း ၁ ဇွန်းစာယူပြီး ကော်ဖီမှုန့်အကြမ်း – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ အကြောပြတ်ရာရှိတဲ့နေရာမှာ Scrub လုပ်သလိုမျိုး ပွတ်တိုက်ပေးရပါမယ်။ ခဏလောက်ပွတ်တိုက်ပြီးရင်တော့ မိနစ် ၂၀ ထားပါ။ အချိန်ပြည့်မှသာ ရေဆေးချရပါမယ်။

နနွင်းမှုန့်နဲ့ဒိန်ချဉ်

နနွင်းမှုန့်နဲ့ဒိန်ချဉ်ကိုသုံးပြီးတော့လည်း အကြောပြတ်ရာတွေသက်သာအောင် လုပ်နိုင်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကလည်း အရမ်းကိုလွယ်ပါတယ်။ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး အကြောပြတ်တဲ့နေရာမှာ လိမ်းထားပေးပါ။ လိမ်းထားတာတွေ ခြောက်သွားပြီဆိုမှ ရေဆေးချလိုက်ပါ။
ဒီနည်းလမ်း ၃ မျိုးထဲက ကိုယ်နှစ်သက်ရာ၊ အဆင်ပြေရာတစ်မျိုးကိုရွေးပြီး တစ်ပတ်တစ်ကြိမ် (သို့) ၅ ရက် တစ်ကြိမ်လောက် စွဲလုပ်ပေးသွားမယ်ဆိုရင်တော့ အကြောပြတ်ရာတွေက ဖြေးဖြေးချင်းစီပါးသွားပြီး သက်သာလာမှာပါ။

source:www.blushin.com