ဆံပင်ကျွတ်လို့ စိတ်ညစ်နေရတဲ့သူတွေအနေနဲ့ hair mask တွေလုပ်ကြည့်တာလည်း အဆင်မပြေဘူးဆိုရင် herbal remedies တွေကို ပြောင်းလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဆံပင်ကျွတ်တာ ရပ်တန့်သွားစေဖို့အတွက် လုပ်ရတာလွယ်ကူပြီး ထိရောက်မှုလည်းရှိတဲ့ Herbal Remedies (၃) မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒီထဲကမှ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Rosemary Essential Oil

Rosemary essential oil က ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံသားသန်စွမ်းစေဖို့ ထောက်ပံ့ပေးပါတယ်။ ဒါကြောင့်လည်း ဆံပင်ကျွတ်တာ သက်သာစေပြီး ဦးရေပြားမှိုစွဲတာနဲ့ ဗောက်ထတာပါ သက်သာစေပါတယ်။

လုပ်ရမယ့်ပုံစံကတော့ rosemary essential oil – ၁၅ စက်ကို အုန်းဆီ (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေပြီး ဦးရေပြားအနံ့ ၁၀ မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ ထားပြီးမှ mild ဖြစ်တဲ့ shampoo နဲ့ ခေါင်းလျှော်ပေးပါ။

ဂျင်း

ဂျင်းက ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံသားအသစ်တွေ ပေါက်စေတယ်၊ ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရစေပါတယ်။ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ဂျင်းကိုထောင်းပြီး အဝတ်အသန့်ထဲထည့် အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ ဂျင်းအရည်ကိုမှ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ရောမွှေပြီး ဦးရေပြားအနှံ့ သေချာလိမ်းကာ massage လုပ်ပေးပါ။ ပြီးရင်တော့ မိနစ် ၃၀ ထားပြီးမှ mild ဖြစ်တဲ့ shampoo နဲ့ ခေါင်းလျှော်ပေးပါ။

တမာရွက်

တမာရွက်က ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံပင်ကျွတ်တာ သက်သာစေတဲ့အပြင် ဦးရေပြား ယားယံတာ၊ ဗောက်ထတာ၊ ဆံပင်ဖြူတာတွေပါ သက်သာစေပါတယ်။

လုပ်ရမယ့်ပုံစံကတော့ တမာရွက်ကို ရေ – ၂ ခွက်စာနဲ့ ပွက်ပွက်ဆူအောင် ၁၀ မိနစ်လောက် ပြုတ်ထားပါ။ ပြီးရင် အအေးခံထားပြီး အေးသွားပြီဆိုရင် ခေါင်းလောင်းချပြီး ခေါင်းလျှော်ရမှာ ဖြစ်ပါတယ်။ Mild ဖြစ်တဲ့ shampoo နဲ့ပဲ လျှော်ပေးပါ။ ပြီးရင်တော့ ရိုးရိုးရေနဲ့ပဲ ပုံမှန်အတိုင်း ခေါင်းလောင်းချပြီး သန့်စင်လိုက်ရုံပါပဲ။

ဆံပင်အရမ်းကျွတ်တဲ့သူတွေက ခေါင်းလျှော်ပြီးရင် dryer မသုံးပဲ သဘာဝအတိုင်း ခြောက်အောင်သုတ်ပြီး အခြောက်ခံတာ ပိုကောင်းပါတယ်။ Dryer သုံးရင် ဆံပင်ပိုကျွတ်စေပါတယ်။