လူအများစုအတွက် တစ်ခြားလူနဲ့ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာဖို့ဆိုတာ သိပ်မခက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် စည်းကမ်းကလနားထားချိန်မှာတော့ ပြဿနာ ရှိလာပါတယ်။ အကြောင်းကတော့ လူဆိုတာ ကိုယ့်အမိန့်ကို သိပ်မလိုက်နာချင်သူတွေ များတာကြောင့် ဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကောင်းအောင် ပြောင်းလဲတော့မယ်ဆိုရင် အခြေခံကျတဲ့ ဒီအချက်လေးတွေ သိထားဖို့ လိုပါတယ်။

(၁) ကိုယ်ပိုင် WHY တစ်ခု ဖန်တီးပါ

Businesswoman hand placing questions mark

Photo: Freepik

စည်းကမ်းရှိဖို့ အရင်ဆုံး လုပ်ရမယ့် အချက်က ဘာကြောင့် ဒီစည်းကမ်းကို လိုက်နာရမလဲဆိုတဲ့ Why မေးခွန်းပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်သင့်တာတစ်ခုကို ဘာကြောင့်လုပ်ရမလဲ ဆိုတာ သိရင် စည်းကမ်းလိုက်နာချင်စိတ် ပိုခိုင်မာပါတယ်။

ဥပမာ- ဝိတ်ချချင်တယ် (ဘာကြောင့်လဲ) ပိုပြီး ကြည့်ပျော်ရှုပျော် ဖြစ်စေဖို့ (ဘာကြောင့် ကြည့်ကောင်းချင်တာလဲ) ကြည့်ကောင်းတော့ ပိုပြီး ခံစားမှု ကောင်းလို့ ၊ အခုပုံစံကြီးနဲ့ မနေချင်လို့ (ဘာကြောင့်လဲ) ကိုယ့်ရုပ်ခန္ဓာကို ပြုပြင်လိုက်ခြင်းကပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ မြင့်လာပြီး လူတွေအကြားမှာ ရဲရင့်ရွှင်မြူးစွာ လျှောက်သွားနိုင်အောင် လို့ စသည်ဖြင့်။ Why မေးခွန်းလေးတွေနဲ့ နောက်ကွယ်က ရချင်တဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြီး စိစစ်လိုက်မယ်ဆိုရင် ပိုပြီး စည်းကမ်းလိုက်နာချင်မှာ ဖြစ်ပါတယ်။

(၂) ကိုယ့်ကို အထောက်အကူပြုမယ့်အသိုင်းအဝိုင်း ရှာပါ

Young joyful companions discussing funny things while having drinks at home party

Photo: Freepik

နောက်တစ်ဆင့်က ကိုယ့်ရဲ့ Why မေးခွန်းနဲ့ အဖြေအတွက် ပံ့ပိုးပေးမယ့် အသိုင်းအဝိုင်းတစ်ခု ဖန်တီးဖို့ပါ။ ဝိတ်ချချင်သူတွေအတွက် Gym အတူသွားမယ့် သူငယ်ချင်းတွေနဲ့ ပေါင်းသလိုမျိုး ကိုယ့်ရဲ့ ကွန်ရက်ကို ပြောင်းလိုက်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စည်းကမ်းသစ်ကို အကောင်အထည်အတူဖော်မယ့် နဲ့အတူ စိတ်တူကိုယ်တူ ရည်မှန်းချက်တူတဲ့ လူ ၅ ယောက်လောက် ရှာပါ။

(၃) နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေပါ

contemplative woman with afro hairstyle, wears round spectacles, casual warm sweater

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် နှိုးဆော်တိုက်တွန်းတဲ့ စိတ် မွေးထားရင်လည်း စည်းကမ်းကို ပိုလိုက်နာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် ရည်မှန်းချက်တွေကို အမြဲမြင်တွေ့နိုင်မယ့် နေရာတွေမှာ သတိပေးဆောင်ပုဒ်အနေနဲ့ ကပ်ထားတာ ၊ နေ့စဉ်မှတ်တမ်းအဖြစ် ရေးမှတ်ထားတာနဲ့ ဖုန်းမှာ Reminder ထားတာမျိုးလည်း လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် တွန်းအားပေးခြင်းအားဖြင့် စိတ်ထဲမှာ ပိုစွဲမြဲခိုင်မာလာပြီး ကိုယ့်ရဲ့ နေ့စဉ်စည်းကမ်းလိုက်နာမှုလည်း အားကောင်းလာနိုင်ပါတယ်။