ရာသီခွင်တွေတိုင်းမှာ ခံယူချက်တွေ၊ အရည်အချင်းကိုယ်စီ ရှိကြပါတယ်။ အားနည်းချက်၊ အားသာချက် အမျိုးမျိုးနဲ့ တည်ရှိနေပါတယ်။ တချို့တွေကျတော့ ဘာမှလုပ်စရာမလိုဘဲ လူတွေရဲ့ အာရုံစိုက်မှုခံရပါတယ်။ တချို့ကျတော့လည်း လူချစ်လူခင်ပေါများကြပါတယ်။ ဒီရာသီခွင်သုံးခုကတော့ ဆန့်ကျင်ဘက်လိင် အမျိုးသားတွေကို အရူးအမူးဖြစ်သွားအောင် ဆွဲဆောင်နိုင်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ သင်ကော ဒီအထဲ ပါနေမလား ကြည့်လိုက်ပါနော်-

၁။ Scorpio ( October 23- November 21)


Scorpio ရာသီဖွားတွေက သံလိုက်ဓာတ်ပြင်းအားများကြပါတယ်။ သူတို့ အခန်းထဲဝင်လာတဲ့အချိန် လူတိုငး်က လှည့်ကြည့်ရလောက်အောင် ဆွဲဆောင်အားပြင်းကြပါတယ်။ သူတို့ပြောချင်တဲ့စကားကို တိတိကျကျ ပြတ်ပြတ်သားသားပြောတတ်ကြပါတယ်။ သစ္စာရှိသူတွေဖြစ်ပါတယ်။

၂။ Libra ( September 23- October 22 )


Libra ရာသီဖွားအမျိုးသမီးတွေနားမှာ ကောင်လေးတွေက အမြဲတဝဲလည်လည် ဖြစ်တတ်ပါတယ်။ ကြည့်ကောင်းအောင် အမြဲဝတ်စားတတ်ကြပြီး အဝတ်အစားကောင်းတွေနဲ့ အရည်အသွေးကောင်းတဲ့ အလှကုန်တွေကို သဘောကျကြပါတယ်။ ချစ်ရသူရဲ့ တန်ဖိုးထားမှုကို လိုချင်ကြပါတယ်။ အလိုလိုနေရင်းကို ချစ်ဖို့ကောင်းသူတွေဖြစ်ပါတယ်။

၃။ Cancer ( June 21- July 22 )


Cancer ရာသီဖွား အမျိုးသမီးတွေက သဘာဝဆန်ဆန် လှကြပါတယ်။ မိတ်ကပ်အကူအညီမလိုဘဲ အမြဲသဘာဝကျကျ လှနေတတ်ပါတယ်။ သူတို့က အချစ်နဲ့ ခံစားချက်တွေကို ကောင်းကောင်းနားလည်ကြပါတယ်။ အသစ်အသစ်တွေကို အမြဲလေ့လာနေတတ်ပါတယ်။ အတွေးမလွန်ဘဲ ဖြစ်လာတဲ့အတိုင်း အလိုက်သင့်နေတတ်သူတွေမို့ အမျိုးသားတွေရဲ့ စိတ်ဝင်စားမှု ခံရသူတွေဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar