တံတောင်ဆစ်က လူတိုင်းမဲပါတယ်။ အရမ်းမဲနေတာနဲ့ နည်းနည်းမဲနေတာပဲ ကွာပါတယ်။ ဒါကြောင့် မဲနေတဲ့တံတောင်ဆစ်တွေ အမြန်ဆုံးပြန်ဖြူလာစေမယ့် နည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း လွယ်ကူတဲ့နည်းလမ်းတွေဖြစ်တာကြောင့် နေ့တိုင်း ပုံမှန်လုပ်ပေးသွားရင်တော့ သိသာတဲ့ result ကို အချိန်တိုအတွင်းမှာ ရရှိမှာပါ။

သံပယိုသီး

ဒီနည်းလမ်းကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ သံပယိုသီးရဲ့အရည်မှာက natural bleaching effect နဲ့ vitamin c ပါလို့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး မဲနေတာတွေကို အသားအရောင်ညီပြီး ဖြူလာစေပါတယ်။

လုပ်ရမယ့်ပုံစံကတော့ သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး ပုံမှာပြထားတဲ့အတိုင်း တံတောင်ဆစ်မှာ ပွတ်ပေးရမှာပါ။ ၅ မိနစ်လောက်ပွတ်ပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ဆေးပြီး lotion လိမ်းပေးပါ။

ဒိန်ချဉ်နဲ့ရှာလကာရည်

နောက်ထပ်နည်းလမ်းကတော့ ဒိန်ချဉ်နဲ့ရှာလကာရည်ကို သုံးရမှာပါ။ လုပ်ရမယ့်ပုံစံကတော့ ဒိန်ချဉ်ကိုလိုသလောက်ယူပြီး ရှာလကာရည်နည်းနည်းထည့်ပြီး မွှေလိုက်ပါ။ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် တံတောင်ဆစ်မှာပွတ်လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုမှ towel ကိုရေစွတ်ပြီး သုတ်လိုက်ပါ။ ပြီးရင်တော့ lotion လိမ်းပေးဖို့ မမေ့ပါနဲ့။

မုန့်ဖုတ်ဆိုဒါနဲ့နွားနို့

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပီး ရလာတာကိုမှ တံတောင်ဆစ်မှာ ပွတ်လိမ်းပေးပါ။ အနည်းဆုံး ၃ မိနစ်ထားပြီးရင်တော့ ရေဆေးချလိုက်ပြီး lotion လိမ်းထားပေးပါ။