အခုဝေမျှပေးချင်တာက နုပျိုတောက်ပတဲ့ အသားအရေကို လိုချင်သူတွေအတွက် တကယ်ကိုအသုံးဝင်မယ့် Facial Yoga Pose တွေပါ။ ဒီလေ့ကျင့်ခန်းတွေက သင့်ကို အရေးအကြောင်းကင်းပြီး တောက်ပတဲ့ အသားအရေနဲ့ မေးနှစ်ထပ်ဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။

အရင်ဆုံး လေကိုပါးစပ်နဲ့ရှုလိုက်ပါ။ ပြီးမှ ဖြည်းဖြည်းချင်း ပါးအထိ ဆန့်ထုတ်ပြီး ရှူထုတ်လိုက်ပါ။ တင်းတင်းရင်းရင်းနဲ့ ဖောင်းနေတဲ့ပါးတွေကို ရဖို့အတွက် ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ။

နှုတ်ခမ်းကို တက်နိုင်သမျှ စူထုတ်လိုက်ပါ ။ ပြီးမှ တတ်နိုင်သမျှ ကျယ်ကျယ်လေး ဟလိုက်ပါ။ ဒီလေ့ကျင့်ခန်းက သင့်ပါးနဲ့ မေးစေ့တွေကို တစ်ပြိုင်နက်တည်း ထိရောက်စေပါတယ်။

မျက်ခုံးအထက် လက်မဝက်အကွာမှာ လက်တစ်ဖက်စီရဲ့ လက်ညိုးကို ထားပါ။ လက်ချောင်းထိပ်တွေနဲ့ ဖိထားတုန်း မျက်ခုံးများကို ပင့်တင်ပြီး မော့ကြည့်ပါ။ မော့ကြည့်ရင်း မျက်တောင်တွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပါ။ တစ်နေ့ ဆယ်ကြိမ် ဆယ့်နှစ်ကြိမ်ထိ ပြန်လုပ်ပါ။ ဒီလေ့ကျင့်ခန်းက အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေ အိကျလာတာကို လျော့ကျစေပါတယ်။