ဂျိုင်းမဲနေရင် လက်ပြတ်တွေဝတ်တဲ့အခါမှာ အဆင်မပြေပါဘူး။ တချို့ဆိုရင် ဂျိုင်းမဲတာမျိုးတော့မဟုတ်ပေမယ့် ဖြူလည်းမဖြူပဲ ဂျိုင်းသားက ညစ်ညစ်ကြီးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲ ဂျိုင်းသားမဲညစ်နေတာကို သက်သာအောင်၊ ဂျိုင်းသား ပုံမှန်ထက် နည်းနည်းလောက် ဖြူလာစေမယ့် သဘာဝနည်းလမ်း ၃ မျိုးကို မျှဝေပေးချင်ပါတယ်။

အုန်းဆီ

အိမ်တိုင်းမှာ အမြဲတမ်းရှိမယ့်ပစ္စည်းကတော့ အုန်းဆီဖြစ်မှာပါ။ အုန်းဆီနဲ့ ဂျိုင်းမဲတာကို သက်သာအောင် လုပ်လို့ရပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ အုန်းဆီ – လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ပန်းကန်ထဲထည့်ပြီး နည်းနည်းအပူပေးပါ။ နွေးလာပြီဆိုရင် အုန်းဆီကို ဂွမ်းလုံးနဲ့တို့ယူပြီး ဂျိုင်းမှာပွတ်လိမ်းပေးပါ။ သေချာပွတ်လိမ်းပြီးရင် မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေစိုဝတ်နဲ့ ဂျိုင်းကိုပွတ်ပြီး ဆပ်ပြာနဲ့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းကို တစ်နေ့ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဂျိုင်းမဲတာသက်သာလာပြီး ဖြေးဖြေးချင်းစီ ဖြူလာပါလိမ့်မယ်။

သံပယိုရည်

အိမ်တိုင်းမှာ သံပယိုသီးရှိမှာပါ။ မရှိရင်လည်း အလွယ်တကူဝယ်လို့ရတာကြောင့် အဆင်ပြေမှာပါ။ သံပယိုရည်က အသားအရေကို Bright ဖြစ်စေတာကြောင့် ဂျိုင်းမဲတာသက်သာပြီး ဂျိုင်းဖြူလာစေဖို့ ကူညီပေးနိုင်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ သံသယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သကြား – အနည်းငယ်တို့ကို ရောမွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် ဂျိုင်းကိုရေစွတ်ပြီး ပွတ်ပေးပါ။ ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး ဂျိုင်းကိုအစိုဓာတ်ဖြည့်ဖို့ တစ်ခုခုလိမ်းပေးပါ။

ဒီနည်းလမ်းကို တစ်ပတ်မှာတစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဂျိုင်းမဲတာသက်သာပြီး ဂျိုင်းနံ့ဆိုးထွက်တာပါ သက်သာလာပါလိမ့်မယ်။

အာလူး

အာလူးကလည်း အိမ်တော်တော်များများမှာ အမြဲရှိတတ်တဲ့ပစ္စည်းပါ။ အာလူးက မဲညစ်တာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ဂျိုင်းမဲတာအတွက်လည်း အသုံးဝင်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကတော့ အာလူးအလုံးသေးတစ်ခြမ်းကို ခက်ရင်းနဲ့ဆွဆွပြီး ထိုးပေးပါ။ ပြီးရင်တော့ ခက်ရင်းနဲ့ထိုးထားတဲ့ဘက်အခြမ်းနဲ့ ဂျိုင်းကိုပွတ်ပေးရမှာပါ။ ၁၅ မိနစ်လောက် ပွတ်နေပေးရပါမယ်။ အချိန်ပြည့်ရင်တော့ ခြောက်အောင်ထားလိုက်ပါ။ ခြောက်သွားပြီဆိုရင် ရေစိုဝတ်နဲ့ပွတ်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကိုတော့ တစ်ပတ် တစ်ကြိမ် (သို့) ၅ ရက် တစ်ကြိမ် လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ဂျိုင်းမဲညစ်တာ သက်သာစေပြီး ဖြေးဖြေးချင်းစီ ဂျိုင်းပြန်ဖြူလာစေပါတယ်။