အမျိုးသမီးတိုင်း မတူညီတဲ့ ဆံပင်စတိုင်လ်မျိုးတွေ လုပ်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။ ဆံပင်ကောက်ရတာ ကြိုက်တဲ့သူတွေလည်း ရှိသလို ဆံပင်အဖြောင့်ကို ကြိုက်တဲ့သူလည်းရှိပါတယ်။ တချို့ကလည်း ဆံပင်ခပ်ဖွဖွလေး ကောက်တာကို ကြိုက်ကြပါတယ်။

ဆံပင်ကောက်တာကြိုက်တဲ့ ပျိုမေတို့အတွက် လွယ်လွယ်ကူကူ ကောက်နည်း (၃) မျိုးကို မျှဝေပေးချင်ပါတယ်။

ကျစ်ဆံမြီးကျစ်ပြီး ကောက်ပါ

ကျစ်ဆံမြီးကျစ်ပြီး ဆံပက်ကို အပူပေးလိုက်ရင် အခုလိုမျိုး လှလှလေးဖြစ်လာမှာပါနော်။

ဆံပင်စည်းပြီးကောက်ပါ

ဆံပင်ကို ခပ်မြင့်မြင့်လေးစည်းပြီး အခုလိုမျိုး ကောက်ပေးလိုက်ရင် မြန်လည်းမြန်သလို လှလည်းလှစေပါတယ်နော်။

နည်းနည်းချင်းကောက်ပါ

ဆံပင်ကို အများကြီးတခါတည်းယူပြီး မကောက်ဘဲ နည်းနည်းချင်းယူပြီး ကောက်ပေးပါ။ ပိုပြီးသေသပ်သလို ပိုပြီးလည်းလှပါတယ်နော်။ ပြီးရင် စပရေးဖြန်းပေးလိုက်ပါ။